အင်တာနက်မီးမ် ဗဟုသုတအမျိုးမျိုး

Featured Post

Meme Guide For Beginners

Advice Animal meme အခြေခံ တန်းပလိတ်တွေရဲ့ အခြေခံအဆင့် အသုံးပြုပုံတွေကို ဒီ album မှာထည့်ပေးသွားပါမယ်။ မီးမ်ဆိုတာ ကျယ်ပြန့်တဲ့သဘော ရှိတဲ့...

Saturday, August 13, 2016

LOL Graphs

1 comment :

Meme အမျိုးအစား - graphs meme
စတင်ပေါ်ပေါက်သည့်နေရာ - jamphat,com

2007 ခုနှစ်လောက်ကစပြီး လူသိများလာတဲ့ meme ဖြစ်ပါတယ်။ ဟစ်ဟော့သီချင်း စာသားတွေကို pie chart တွေ bar graph တွေ စတဲ့ စာရင်းဇယားတွေ သုံးပြီး jamphat website မှ ဖန်တီးတင်ပြရာမှာ သိပ်ကိုဟာသမြောက်တဲ့အတွက် internet မှာ ထင်ရှားလာကာ internet meme တစ်မျိုး ဖြစ်လာပါတယ်။
တကယ်တော့ အပြောင်အပြက် ဟာသတွေနဲ့ အရေးမကြီးတဲ့ ခေါင်းစဉ်တွေကို အတည်အခန့် chart တွေဆွဲပြီး တင်ပြတဲ့ ဟာသမျိုးက စာရင်းအင်းပညာ (statistics) ရှိနေသရွေ့ ရှိခဲ့မှာပါ။ ဒါကြောင့် အင်တာနက်ဆိုတာ မပေါ်ခင်ကတည်းက ဒီmeme တွေ ရှိနေခဲ့ပါလိမ့်မယ်။

ဒီ meme လုပ်မယ်ဆိုရင်

၁- ဟာသမြောက်ရမယ်

၂-ဇယားတွေ ဂရပ်တွေပုံစံ ဖြစ်ရပါမယ်။

ဇယားတွေ ဂရပ်တွေ ဆိုတော့ လုပ်ရတာခက်မလား ဆိုရင် သိပ်မခက်ဘူးလို့ ဖြေပါမယ်။
အထက်တန်းသချာင်္ သင်ဖူးရင် ဒါတွေနဲ့ ရင်းနှီးနေကြပြီဖြစ်မှာပါ။ Microsoft PowerPoint နဲ့ Excel ကို တီးခေါက်မိတဲ့သူတွေရယ်၊ PowerPoint ကို လက်တွေ့ သုံးပြီး presentation တွေဘာတွေ လုပ်ရတဲ့လူတွေဆိုရင် ပိုပြီးသပ်သပ်ရပ်ရပ် လုပ်တတ်ပါလိမ့်မယ်။

ဒီ meme မှာ သုံးနိုင်တဲ့ ဂရပ်အမျိုးအစား ကန့်သတ်မထားပါဘူး။ Statistics ပညာရပ်မှာ သုံးတဲ့ ဂရပ်တွေအပြင်
3D graph တွေလည်း သုံးလို့ရပါတယ်။

အင်ဂျင်နီယာ ပညာရပ်ဆိုင်ရာတွေမှာ သုံးတတ်တဲ့ circuit diagram, algorithm စတာတွေတောင် ထည့်သုံးလို့ရပါသေးတယ်။

ကိုယ်သိတဲ့ ဂရပ်အမျိုးအစား အကုန်သုံးနိုင်ပါတယ်။ ဥပမာအနေနဲ့ အောက်ပါ ဂရပ်တွေ သုံးနိုင်ပါတယ်။
- pie charts
- Venn diagrams
- Euler diagrams
- line graphs
- bar graphs
- maps
- flowcharts
- tables
- pyramids
- infographics

အင်တာနက်မှာ ရှာတွေ့တဲ့ ဥပမာတွေ တွဲပေးထားပါတယ်။

Reddit မှာ ကြည့်မယ်ဆိုရင်
- r/funnycharts
- r/graphhumor
ဆိုတဲ့ subreddit တွေရှိပါတယ်။

Knowyourmeme က ညွှန်းထားတဲ့ thisisindexed.com ဆိုတဲ့ဘလော့ကိုလည်း တော်တော်ကြိုက်ပါတယ်











1 comment :