အင်တာနက်မီးမ် ဗဟုသုတအမျိုးမျိုး

Featured Post

Meme Guide For Beginners

Advice Animal meme အခြေခံ တန်းပလိတ်တွေရဲ့ အခြေခံအဆင့် အသုံးပြုပုံတွေကို ဒီ album မှာထည့်ပေးသွားပါမယ်။ မီးမ်ဆိုတာ ကျယ်ပြန့်တဲ့သဘော ရှိတဲ့...

Saturday, June 18, 2016

Classical Arts memes ဘာသာပြန်ဆောင်းပါး

No comments :
(Knowyourmeme မှဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ ကွင်းစကွင်းပိတ်နဲ့ စကားပြောသလို ရေးထားတာတွေကတော့ ဘာသာပြန်သူရဲ့မှတ်ချက်တွေပါ) 

Classical arts (ဂန္တဝင်အနုပညာ) memes ဆိုသည်မှာ ရှေးခေတ်က ပန်းချီပန်းပု အနုပညာ လက်ရာများပေါ် အခြေတည်ပြီး ဟာသဆန်သည့် image macro အမျိုးအစား မီးမ် ဖြစ်ပါသည်။ ရှေးခေတ်ဆိုသည်မှာ ခရစ်တော်မပေါ်မီ ယဉ်ကျေးမှု ထွန်းကားသော ခေါမရောမခေတ်များမှသည် အလယ်ခေတ် (၅ ရာစုမှ ၁၅ရာစုထိ) ရီနေစွန်းခေတ် (၁၄ ရာစုမှ ၁၇ရာစုထိ) ကာလများကို ဆိုလိုပါသည်။

(မြန်မာလိုဆိုရင် ပုဂံခေတ်ကနေ ကုန်းဘောင်ခေတ်ထိ ဖြစ်ပါလိမ့်မယ်။ ကိုလိုနီခေတ်လောက်က လက်ရာမျိုး မပါသင့်ပါဘူး။ လက်ရာကို ပြောတာပါ။ မနေ့ကမှ ရေးဆွဲထားပေမဲ့ ကုန်းဘောင်ခေတ်လက်ရာနဲ့ ဆွဲထားတဲ့ ပန်းချီဆိုရင် သုံးလို့ရမှာပါပဲ)
 

စတင်ပေါ်ပေါက်လာပုံ


အစောဆုံး classical arts image macro များမှာ ၂၀၀၄ခုနှစ်ခန့်က စတင်ပေါ်ပေါက်ခဲ့ပါသည်။ ပြင်သစ်အလယ်ခေတ်လက်ရာ ရွှေချည်ထိုးပန်းချီများကို ပြောင်လှောင်တုပထားသော ပုံများအား 4Chan နှင့် YTMND တွင် စတင်တွေ့ရှိခဲ့ရပါသည်။

Meme မဖြစ်မီ ရှေ့ပြေးကာလ


ရီနေဆွန်းခေတ် လက်ရာများသည် အင်တာနက်ယဉ်ကျေးမှုတွင် ခေတ်စားလာသည်မှာ ၂၀၀၀ ခုနှစ်များမှသာ ဖြစ်သော်လည်း၊ ၁၉၆၀နှောင်းပိုင်းနှစ်များက Monty Phython's Flying Circus ကာတွန်း ဖန်တီးရှင်Terry Gilliam သည် သူ၏ကာတွန်းများတွက် ရီနေဆွန်းပန်းချီကို ထည့်သွင်းအသုံးပြုခဲ့ပါသည်။

meme စတင် ပျံ့နှံ့ပုံ


Worth1000 ဟူသော ဝက်ဘ်ဆိုဒ်သည် "Renaissance Celebrity" ဟူသော ဖိုတိုရှော့ပြိုင်ပွဲများအား ပုံမှန်ကျင်းပလေ့ ရှိခဲ့ပါသည်။ ထိုပြိုင်ပွဲများမှာ နာမည်ကြီး ခေတ်ပေါ် အနုပညာရှင်များ၏ ပုံကို သင့်လျော်ရာ ရီနေဆွန်းခေတ် ပန်းချီကားများတွင် ဖိုတိုရှော့ဖြင့် ပေါင်းစပ်ထည့်သွင်းပြီး ဟာသမြောက်အောင် လုပ်ဆောင်ခြင်း ဖြစ်ပါသည်။

၂၀၀၀ပြည့်နှစ်များတစ်လျှောက် "ခရစ်တော်၏ နောက်ဆုံးညစာ" ပန်းချီကား၊ "မိုနာလီဇာ" နှင့် "အာဒမ်အားဖန်တီးခြင်း" ပန်းချီကားတို့ ကဲ့သို့သော ဂန္တဝင် အနုပညာ လက်ရာများအား ဖိုတိုရှော့နှင့် ပြုပြင်၍ ဟာသလုပ်ခြင်းများ အင်တာနက်တွင် ခေတ်စားလာခဲ့ပါသည်။ ထင်ရှားသော ဥပမာ အချို့မှာ..




၂၀၁၃ ခုနှစ် သြဂုတ်လ (၄)ရက်နေ့တွင် Redditor Tulki က /r/trippingthroughtime ဟူသော subreddit ကို စတင်တည်ထောင်ခဲ့ပါသည်။ ထို subreddit သည် ဂန္တဝင်အနုပညာ လက်ရာများဖြင့် ပြုလုပ်သော image macro များနှင့် reaction image များ ဖန်တီးတင်ပြရာ နေရာဖြစ်ပါသည်။ ထို့နောက် နှစ်နှစ်အတွင်း subreddit သို့ စာရင်းပေးပါဝင်သူပေါင်း တစ်သိန်းကျော်ခဲ့ပါသည်။

၂၀၁၄ခုနှစ် သြဂုတ်လကုန် တွင်မူ "Classical Art Memes" ဟူသော Facebook page တစ်ခု ပေါ်ပေါက်လာပြီး ဂန္တဝင်အနုပညာ လက်ရာများကို ဟာသမြောက်အောင် ပြုပြင်ဖန်တီးသော image macro များမှာ ပို၍ ထင်ရှားပေါ်လွင်လာခဲ့ပါသည်။ ၂၀၁၆ ခုနှစ် မတ်လအထိ ထို page မှာ like တစ်သန်းကျော် ရရှိပြီး ဖြစ်ပါသည်။

Joseph Ducreux


ပြင်သစ်ပန်းချီဆရာ Joseph Ducreux မှ ၁၇၉၃ ခုနှစ်တွင် ဖန်တီးရေးဆွဲသော ကိုယ်တိုင်ရေးပုံတူပန်းချီကား ပေါ်တွင် စာတန်းထိုးသည့် image macro meme တစ်ခုသည် ၂၀၀၉ ခုနှစ်၌ 4Chan တွင် ပေါ်ပေါက်ခဲ့ပါသည်။

ထို meme ၏ ပထမဆုံးပုံမှာ American ရပ်ပါ B.I.G ၏ "Get Money" သီချင်းမှ ရပ်စာသား "fxxk bitches, get money" ကို ရှေးဟောင်းစကားနှင့် ပြောင်းယူကာ "disregard females, acquire currency" ဟု ပြောင်းရေးထားခြင်း ဖြစ်ပါသည်။

ထိုမှစ၍ Joseph Ducreux သည် ခေတ်ပေါ်ရပ်သီချင်းစာသားများ၊ အခြားနာမည်ကြီး သီချင်းစာသားများ၊ အခြား အင်တာနက်ယဉ်ကျေးမှုမှ ထွက်ပေါ်လာသည့် ခေတ်စကားစုများအား ၁၈ရာစုရှေ့ပိုင်းခေတ်က အသုံအနှုံးမျိုးဖြင့် ပြန်ပြောင်းရေးသားရသော image macro meme ဖြစ်လာပါသည်။

(မီးမ်က advice animal image macro ဖြစ်နေပါပြီ။ မြန်မာမီးမ်လောကမှာတော့ အသုံးမှားတတ်တဲ့ မီးမ်ဖြစ်ပါတယိ) 

တရုတ်အစိုးရမှ ဆင်ဆာဖြတ်ခြင်း

၂၀၁၂ ခုနှစ်တွင် တရုတ်အမျိုးသားပြတိုက် ပြခန်းတစ်ခုအကြောင်း အစိုးရသတင်းဌါနမှ ထုတ်လွှင့်သည့် သတင်းတစ်ရပ်တွင် မိုက်ကယ်အိန်ဂျလို၏ ဒေးဗစ်ပန်းပုရုပ်မှ ကျားအင်္ဂါနေရာကို ဆင်ဆာဖြတ်ထားခဲ့သည်။ တရုတ်အစိုးရသည် အင်တာနက်တွင်လည်း ယဉ်ကျေးမှုကို အကြောင်းပြကာ ဆင်ဆာဖြတ်တတ်ပြီး ရုပ်မြင်သံကြားမှ ထုတ်လွှင့်မှုများ၊ အွန်လိုင်းတွင်တင်သော ဓါတ်ပုံများမှအစ ဆင်ဆာဖြတ်တတ်သည်။
ရီနေဆွန်းခေတ် ဂန္တဝင်ပန်းချီနှင့် ပန်းပုလက်ရာများအားလည်း လျှပ်ပေါ်သည်ဟု ဆိုကာ ဆင်ဆာဖြတ်ပါသည်။ ထိုအကျင့်ကို အင်တာနက်အသိုင်းအဝိုင်းက သရော်ကာ တုန့်ပြန်သည့်အနေနှင့် ဂန္ထဝင်အနုပညာ လက်ရာများမှ ကိုယ်လုံးတီးပုံတိုင်းအား ဖိုတိုရှော့ဖြင့် အဝတ်များ ဝတ်ပေးခဲ့ကြပါသည်။

(အဲဒါနဲ့ အဲဒီလို ဖိုတိုရှော့နဲ့ အဝတ်ဝတ်ပေးတဲ့ classical art မီးမ်တစ်မျိုး ရှိလာပါတယ်)
 ဥပမာ
 

Give Her the D



ဒတ်ခ်ျပန်းချီဆရာ Frans Hals က ၁၆၈၄ ခုနှစ်တွင် ရေးဆွဲသော ပြင်သစ်ဒဿနပညာရှင်နှင့် သင်္ချာပညာရှင် René Descartes ၏ ပုံတူပန်းချီပေါ်တွင် "Give Her the Dick" ဟု စာတန်းထိုးထားသော ပုံတစ်ပုံသည် ၂၀၁၂ ခုနှစ်၌ 4Chan နှင့် Reddit တွင် စတင်ပျံ့နှံ့နေခဲ့ပါသည်။

(ပျံ့တယ်ဆိုတာက ဒီပုံနဲ့ဒီစာသားကိုပဲ ဖိုတိုကွန်မန့်အနေနဲ့ သုံးတာမျိုးပါ။ နည်းနည်းပါးပါး ကွန့်တာတော့ ရှိတတ်ပါတယ်။ Give her the D ဆိုတဲ့စာသားကိုပဲ နည်းနည်းလေးပဲ လှည့်လို့ရပါတယ်။ ဘောင်ကျဉ်းတယ် ဆိုပါတော့။ စပေါ်တာကတော့ Pornhub ကနေစတာပါတဲ့။ )

ထိုပုံမှစ၍ "The D" ဟူသော မီးမ်လောက ဗန်းစကားတစ်လုံး ပေါ်ပေါက်ခဲ့ပါသည်။

Medieval Reactions


Reaction image မီးမ်အမျိုးအစား ဖြစ်ပါသည်။
(သောအခါမီးမ်ပါ။ အလယ်ခေတ် ပန်းချီ လက်ရာတွေကို သုံးကြပါတယ်)
၂၀၁၅ ခုနှစ် မတ်လတွင် Medieval reactions ဟူသော Twitter account တစ်ခုမှ စတင်ခဲ့သော မီးမ်များ ဖြစ်ပါသည်။ ထို Twitter account သည် ယနေ့ထိ follower ပေါင်း သုံးသိန်းကျော်ပါသည်။
ထင်ရှားသော ဥပမာများမှာ

Bonus အဖြစ် Reddit က classical art meme တချို့ကို ကျွန်တော်တို့ရဲ့ facebook page က post မှာ ထည့်ပေးထားပါတယ်။
https://www.facebook.com/memeKnowledge/posts/252595715109792

No comments :

Post a Comment