အင်တာနက်မီးမ် ဗဟုသုတအမျိုးမျိုး

Featured Post

Meme Guide For Beginners

Advice Animal meme အခြေခံ တန်းပလိတ်တွေရဲ့ အခြေခံအဆင့် အသုံးပြုပုံတွေကို ဒီ album မှာထည့်ပေးသွားပါမယ်။ မီးမ်ဆိုတာ ကျယ်ပြန့်တဲ့သဘော ရှိတဲ့...

Saturday, June 18, 2016

Dank Meme ဆိုသည်မှာ

No comments :

ကြိုပြောပါရစေ။ လူတိုင်း dank မဖြစ်နိုင်ပါ။ Dank meme ကိုသင်ပေးလို့မရပါ။ ယဉ်ကျေးမှု ကွာခြားလို့ပါ။

Dank ရဲ့အဓိပ္ပာယ်


Dank ဆိုတဲ့ စကားလုံးဟာ ဆေးခြာက်သမားတွေဆီက စတာလို့ သိရပါတယ်။ နှစ်ချို့နေတဲ့ ဆေးခြာက်ကို 'dank' ဖြစ်တယ်လို့ ပြောကြပါတယ်။
Dictionary ထဲမှာ dank ကို "wet and cold and in a way it is unpleasant" လို့ အဓိပ္ပာယ်ဖွင့်ပါတယ်။
မကောင်းဘူးပေါ့။ သိုးနေပြီ အောက်နေပြီပေါ့။
ဒါပေမဲ့ ဆေးသမားတွေအလယ်မှာ Dank ဆိုတာ မိုက်တယ်၊ ကောင်းတယ် ဆိုတဲ့အဓိပ္ပာယ်ပါ။ Urban dictionary အရ "something of high quality" လို့ အဓိပ္ပာယ်ဖွင့်ပါတယ်။

Dank Memes


Meme လောကမှာကျတော့ Dank ဆိုတာ overused (အလွန်အကျွံအသုံးများလွန်းလို့ ဟုံသွားတဲ့) meme တွေလို့ အစက အဓိပ္ပာယ်ဖွင့်ကြပါတယ်။ Meme လောကရဲ့ ထုံးစံအတိုင်း ဒီစကားလုံးဟာလည်း ရွေ့လျောပြောင်းလဲလာတဲ့အခါမှာ Dank meme ဆိုတာ epic meme သဘောမျိုး အဓိပ္ပာယ်ဖြစ်သွားပါတယ်။

Epic နဲ့ ကွာတာက Dank meme တွေဟာ 4Chan ရဲ့ အစဉ်အလာဖြစ်တဲ့ twisted mind လေးနဲ့ လုပ်ထားတဲ့ ပုံစံမျိုး ဖြစ်တတ်ပါတယ်။ ဗရုတ်သုက္ခ ဆန်တဲ့အထဲကကို တစ်မူထူးခြားပြီး epic ဖြစ်နေရင် Dank meme ဖြစ်တယ်လို့ ကျနော်က မြင်ပါတယ်။

(twisted ဆိုတာက ပုံမှန်မဟုတ်တာကို ပြောတာပါ။ ဘယ်လိုပုံမှန်မဟုတ်တာလဲ ဆိုတာက ရှင်းပြရခက်ပါတယ်။ တချို့ယဉ်ကျေးမှု ပုံစံတွေက စာနဲ့ရှင်းပြတာထက် လက်တွေ့မြင်ရမှ သဘောပါက်နိုင်တာပါ။ ဒါကြောင့် 4Chan ကိုသွားပြီး ကိုယ်တိုင်ကြည့်စေချင်ပါတယ်။ ဘာသာစကား အခက်အခဲရှိတဲ့လူတွေ ဆိုရင် မြန်မာမီးမ်ဂရုတွေထဲက ရှားရှားပါးပါး dank ဖြစ်တဲ့ လူတစ်ချို့ရဲ့ မီးမ်တွေကို သေချာစောင့်ကြည့်တဲ့ နည်းပဲရှိမယ် ထင်ပါတယ်။ သင်ပေးလို့ မရတာကတော့ သေချာပါတယ်။ ခါးသက်တဲ့ အမှန်တရားပါပဲ။)

Dank meme ဟာ epic meme မဟုတ်ပါဘူး။ တူမလိုလိုနဲ့ ခြားနားတာကိုတော့ သတိပြုပါ။ ပိုပြီးနားလည်ချင်ရင် 4Chan ကို အလည်သွားကြဖို့ တိုက်တွန်းပါတယ်။
DANK MEME နဲ့ တွဲစပ်နေတဲ့ Gnome Child meme လေးကို 4Chan ကနေယူလာပြီး အောက်မှာတင်ပေးထားပါတယ်။

ထပ်ပြီးပြောပါရစေ။ လူတိုင်း dank မဖြစ်နိုင်ပါ။ ယဉ်ကျေးမှု ကွာခြားလို့ပါ။ အတင်းလုပ်ယူလို့လည်းမရပါ။
ဒါကြောင့် Epic ဖြစ်ဖို့ပဲ စဉ်းစားကြပါ။

ဒီ post ကတော့ ဗဟုသုတအနေနဲ့ပဲ ဖတ်ဖို့ပါ။

No comments :

Post a Comment