အင်တာနက်မီးမ် ဗဟုသုတအမျိုးမျိုး

Featured Post

Meme Guide For Beginners

Advice Animal meme အခြေခံ တန်းပလိတ်တွေရဲ့ အခြေခံအဆင့် အသုံးပြုပုံတွေကို ဒီ album မှာထည့်ပေးသွားပါမယ်။ မီးမ်ဆိုတာ ကျယ်ပြန့်တဲ့သဘော ရှိတဲ့...

Saturday, June 18, 2016

Rage Comics မိတ်ဆက် - အပိုင်း (၃)

No comments :

Classic Rage Comics


အပိုင်း(၁) မှာ Rage face လို့ခေါ်တဲ့ မျက်နှာတွေ စပေါ်လာပုံကို ရှင်းပြထားပြီးတော့၊
အပိုင်း(၂) မှာ ထိုမျက်နှာတွေရဲ့ usage (အသုံးပြုပုံ) သတ်သတ်မှတ်မှတ် ရှိလာပုံကို ရှင်းပြထားပါတယ်။

အပိုင်းသုံးမှာတော့ Classic Rage Comics လို့ခေါ်တဲ့ ပေါ်ဦးစ Rage Comic ပုံစံကို တင်ပြသွားမှာ ဖြစ်ပါတယ်။

Rage face တွေထဲမှာ အစဦးဆုံးက "Rage Guy" ဆိုတဲ့ မျက်နှာပါ။ အကြီးအကျယ် စိတ်ဆိုးပြီး အော်ဟစ်နေတဲ့ မျက်နှာနဲ့ FFFFFFFUUUUUUUUUUUU! ဆိုတဲ့စာသား ပါပါတယ်။
rage guy

အဲဒီ Rage Guy ကိုအမှီပြုပြီး Rage Comics ဆိုတဲ့နာမည် ရလာတာ ဖြစ်ပါတယ်။ ပထမဆုံး Rage comic ကတော့ ၂၀၀၈ ခုနှစ် 4Chan ရဲ့ Random(/b/) board မှာ စတွေ့ရတာ ဖြစ်ပါတယ်။ ခေါင်းစဉ်က "toilet splash" လို့ပေးထားပြီးတော့ အိမ်သာတက်စဉ် တင်ပါးကို ရေစင်တဲ့အခါ ဖြစ်သွားတဲ့ ဒေါသကို ပြထားတဲ့ လေးကွက်ကောမစ် ဖြစ်ပါတယ်။ အဲဒီကောမစ်ကနေ စပြီးတော့ Rage comic ဆိုတာ ဖြစ်လာပါတယ်။

Photo credit to the Original creator. ဒါကတော့ ကမ္ဘာ့ပထမဆုံး rage comic ဖြစ်ပါတယ်

မူရင်းပုံစံ classic Rage comic တွေဟာ အကွက်လေးကွက် ပါပါတယ်။ နေ့စဉ်ဖြစ်တတ်တဲ့ ကြုံတတ်တဲ့ အဖြစ်တွေကို ဟာသအမြင်နဲ့ ရေးထားတာမို့လို့ လူတိုင်းနားလည်နိုင်ပါတယ်။ ဒါကြောင့် စာသိပ်ရေးစရာ မလိုပါဘူး။ ပထမသုံးကွက်မှာ အဖြစ်အပျက်ကို ပုံဖော်ထားပြီး နောက်ဆုံးအကွက်မှာ Rage Guy မျက်နှာနဲ့ စိတ်ဆိုးသွားတဲ့ပုံနဲ့ အဆုံးသတ်ပါတယ်။ 

အခုအချိန်မှာ Rage Comic တွေ အမျိုးမျိုး ပြောင်းလဲလာပြီ ဖြစ်ပေမဲ့ Rage guy နဲ့ဆုံးတဲ့ လေးကွက်ကောမစ် classic rage comic တွေကတော့ Rage comic ချစ်သူတွေရဲ့ ရင်ခွင်တစ်နေရာကို နေရာယူထားဆဲပါ။ Classic Rage comic တွေကို Reddit ရဲ့ Classic Rage sub forum မှာ တစ်စုတစ်စည်းတည်း တွေ့နိုင်ပါတယ်။ အဲဒီမှာ classic rage သန့်သန့်လေး တစ်မျိုးတည်း လက်ခံတာမို့ သွားရောက်ကြည့်ကြဖို့ တိုက်တွန်းပါတယ်။

Reddit ရဲ့အဆိုအရ Classic rage comics မှာ-
၁ - ပြင်းထန်တဲ့စိတ်ခံစားချက်တစ်ခု (rage) အကြောင်း ဖြစ်ရပါမယ်။ (အချစ်တို့ မေတ္တာတို့ ဘာတို့က နူးညံ့တဲ့ခံစားမှုပေါ့နော်)
၂- Rage Guy ပုံနဲ့ အဆုံးသတ်ရပါမယ်
၃ - စာနည်းလေ အောင်မြင်လေ ဖြစ်ပါတယ်
၎ - လူဓါတ်ပုံကနေ Comic ပုံပြောင်းထားတဲ့ YaoMing bitch please တို့ ဂျက်ကီချန်းစိတ်ရှုပ်နေတဲ့ပုံတို့ အဲလိုပုံမျိုးတွေ မပါရပါဘူး
၅ - အသုံးပြုတဲ့ မျက်နှာတွေက လက်နဲ့ဆွဲထားတဲ့ rage face တွေပဲ ဖြစ်ရပါမယ်။ တခြားနောက်ခံ ပုံတွေကအစ လက်နဲ့ဆွဲတာ ဖြစ်ရပါမယ်။

ဥပမာအနေနဲ့ Internet မှာတွေ့တဲ့ classic rage comic အချို့ကို အောက်ဆုံးမှာ တွဲတင်ပေးလိုက်ပါတယ်။

အပိုင်းလေးမှာတော့ တခြား Rage comic ပုံစံတွေကို မိတ်ဆက်ပေးမှာ ဖြစ်ပြီးတော့ rage comic နဲ့ ဆက်နွယ်ရာ meme တွေကိုလည်း ရှင်းပြပါမယ်။ အပိုင်းလေး ပြီးရင်တော့ မိတ်ဆက်တာ ကုန်သလောက်ရှိပါပြီ။ နောက်ပိုင်းမှာ rage face usage တွေကို တစ်ပုံစီ ရှင်းပြသွားပါမယ်။ တနည်းတဖုံအားဖြင့် ဗဟုသုတ ဖြစ်ကြမယ်လို့ မျှော်လင့်ပါတယ်။ ကိုယ့်အတွက် အကျိုးဖြစ်တယ်ဆိုရင် like and share ခလုတ်လေးတွေ နှိပ်ပေးနော်။
က်ာပီယူပြီး ‪#‎credit‬ ဆိုတဲ့ စာလုံးလေးတစ်လုံးနဲ့ ပြန်တင်တာမျိုးတော့ မလုပ်ကြပါနဲ့လို့။
 
Photo credit to the original creator. ဒါကတော့ လူတိုင်းကြုံဖူးတဲ့ စိတ်တိုစရာ အဖြစ်လေးပါ။

photo credit to the original creator. ဒါကတော့ ဒိန်ချဉ်စားနေရင်း ခွကြားနေရာကို ဖိတ်ကျသွားလို့ ဘာအစွန်းကြီးလိုလို ဖြစ်သွားတာကို ပြထားတာပါ။

Photo credit to the original creator. စောင်ခြုံရင်း ကြုံရတဲ့ စိတ်တိုစရာ အဖြစ်လေး ဖြစ်ပါတယ်။

No comments :

Post a Comment