အင်တာနက်မီးမ် ဗဟုသုတအမျိုးမျိုး

Featured Post

Meme Guide For Beginners

Advice Animal meme အခြေခံ တန်းပလိတ်တွေရဲ့ အခြေခံအဆင့် အသုံးပြုပုံတွေကို ဒီ album မှာထည့်ပေးသွားပါမယ်။ မီးမ်ဆိုတာ ကျယ်ပြန့်တဲ့သဘော ရှိတဲ့...

Sunday, June 19, 2016

RageComics မိတ်ဆက် - အပိုင်း(၄)

1 comment :
အပိုင်း (၁) မှာ Rage Comic ရယ်လို့မဖြစ်ခင် Rage Face တွေပေါ်လာပုံ
အပိုင်း (၂) မှာ Rage Comics တွေပျံ့နှံ့ပုံနဲ့ usage ရှိလာပုံ
အပိုင်း (၃) မှာ Classic Rage Comics တွေအကြောင်း ရှင်းပြထားပါတယ်။

အပိုင်း (၄) က နောက်ဆုံးအပိုင်းပါပဲ။ ဒီမှာ Rage Comic အမျိုးအစားတချို့ကို မိတ်ဆက်ပါမယ်။

ဖွဲ့စည်းပုံ

Rage Comic မှာ Classic ဆိုရင် လေးကွက်ရှိပါမယ်။ ကျန်တာတွေကတော့ နှစ်ကွက်ကနေ ရှစ်ကွက်အထိက အကောင်းဆုံးပါ။ (၄x၂) ပေါ့။ အဲဒါအကောင်းဆုံးလို့ပဲ ပြောတာပါ။ အဲ့ထက်များလည်း ရပါတယ်။
အောင်မြင်တဲ့ Rage Comic ဆိုတာ-

၁- စာနည်းလေကောင်းလေဖြစ်ပါတယ်

၂-Rage face တွေ သူ့နေရာနဲ့သူ မှန်နေရင် စာထည့်စရာ သိပ်မလိုပါ၊ ဇာတ်ကောင်စိတ်ထဲ ဘာဖြစ်သွားတယ် ဆိုတာကို စာနဲ့ရေးပြနေစရာ မလိုပါ။ စကားပြောလည်း နည်းလေကောင်းလေ ဖြစ်ပါတယ်

၃-အကွက်နည်းနည်းနဲ့ ရှင်းရှင်းလင်းလင်းနဲ့ ထိမိရင် ကောင်းပါတယ်

၎- သပ်သပ်ရပ်ရပ် ရှိပါစေ။ အမြင်လည်း ရှင်းပါစေ။ နောက်ခံပုံ၊ ပရိဘောဂ၊ ကိုယ်လုံး၊ အဝတ်အစား စတာတွေကို ပြောချင်တဲ့ ဇာတ်လမ်းအတွက် မပါမဖြစ် မဟုတ်ရင် ထည့်မဆွဲပါနဲ့

၅- စာတန်းထိုးတဲ့အခါ အနက်ဆိုလည်း အနက်ရောင်၊ အဖြူဆိုလည်း အဖြူရောင် စာကြောင်းတစ်ကြောင်းကို တစ်ရောင်တည်းသုံးပါ။ image Macro တွေလို အဖြူကိုအနက်ကွပ်ထားတာမျိုးတွေ မသုံးပါနဲ့။

၆- ကိုယ့်ပရိတ်သတ်က ဂျပန်၊တရုတ်၊အာရဗီ မဟုတ်ရင် စကားပြောကို ဘယ်ဖက်ကစပြီး ညာဖက်ကိုရေးပါ။ အကွက်တစ်ကွက်ထည်းမှာ စကားပြော နှစ်ခုပါမယ်ဆိုာင် အရင်ပြောတဲ့ စကားက ဘယ်ဖက်မှာထားပါ။ နောက်မှပြောတဲ့စကားက ညာဖက်မှာထားပါ။ အပေါ်အောက် ထားလည်း အဆင်ပြေပါတယ်။ ဘေးချင်းကပ် အကွက်နှစ်ကွက်မှာ စကားပြောထည့်မယ် ဆိုရင်လည်း အရင်ပြောတဲ့လူကို ဘယ်ဖက်မှာထားပါ။

၇- ကျွမ်းသွားပြီဆိုရင် အပေါ်ကအချက်တွေကို စိတ်ထဲသိပ်မထားပါနဲ့တော့။ ကိုယ့်အိုင်ဒီယာက ကောင်းတယ်ဆိုရင်၊ တင်ပြပုံကောင်းရင် ဘာဖြစ်ဖြစ် အောင်မြင်ပါတယ်။

Rage Novels

Rage Novel ဆိုတာက Rage comic ပုံစံမျိုးကို သုံးပြီး ဇာတ်လမ်းအရှည်ကြီး ဆွဲတာပါ။ အချစ်ဇာတ်လမ်းတွေ မေတ္တာဘွဲ့တွေ စာစီစာကုံးတွေ ရေးကြပါတယ်။ စာတွေလည်း အများကြီး၊ စကားပြောတွေရော နောက်ခံဇာတ်ကြောင်းတွေရော အများကြီးထည့်ကြပါတယ်။ ကြိုက်တဲ့လူတွေ ရှိတော့လည်း Rage Novel တွေက နေရာတစ်နေရာ ရထားပါတယ်။
ဥပမာအဖြစ် ဒီပုံကို ကြည့်ပါ။

Tree comics

Tree comics ဆိုတာ ဆေးကြောင်ဆေးကွဲ ဇိုးသမား rage ကောမစ်များ ဖြစ်ပါတယ်။ မျက်နှာမှာ ဘောင်မပါဘဲ မျက်လုံးနှာခေါင်းပါးစပ်ချည်းပဲ အလွတ်ဆွဲထားတာမျိုး တွေ့ဖူးမှာပေါ့။ အဲဒါတွေက 'လွတ်' နေတာကို ကိုယ်စားပြုပါတယ်။ မျက်လုံးမှာ အနီရောင်ချယ်ထားရင်း 'ကောင်း'နေတာလို့ ဆိုလိုပါတယ်။

အခုနောက်ပိုင်း Tree comic မှာ တခြား rage face မဟုတ်တဲ့ ရိုးရိုးကောမစ် ပုံစံတွေလည်း တော်တော်လေး တွေ့လာရပါတယ်။ အခုဆိုရင် Tree comics ဆိုတာ မူးတဲ့ကွဲတဲ့ ဆေးရှူတဲ့ဟာသတွေကို လက်နဲ့ဆွဲတဲ့ ကောမစ်နဲ့ ဆွဲပြရင် Tree comic ဖြစ်ပါတယ်။
ဥပမာ
Tree Comic ဥပမာ တစ်ခုပါ။ Photo credit to the original creator.

Tree Comic ဥပမာ တစ်ခုပါ။ Photo credit to the original creator.

Yoo bro ကျတော့ သူ့ဘာသာ သီးသန့်ဖန်တီးတာမို့လို့ သပ်သပ် ဖြစ်ပါတယ်။ Rage comic ထဲ မထည့်ပါ။

Comparison Type

ယခင်နဲ့ ယခု၊ မိန်းကလေးနဲ့ယောက်ျားလေး၊ ကျောင်းနဲ့ လုပ်ငန်းခွင်၊ ကလေးဘဝနဲ့ လူကြီးဘဝ အမြင်တွေကွာတာ၊ ခံစားချက်တေကွာတာကို ယှဉ်ပြတဲ့ ကောမစ်များ ဖြစ်ပါတယ်။ ဥပမာတွေကြည့်ရင် ပိုရှင်းသွားမှာပါ။
 Comparison type rage comic ဥပမာ တစ်ခုပါ။ Photo credit to the original creator.

 Comparison type rage comic ဥပမာ တစ်ခုပါ။ Photo credit to the original creator.

 Comparison type rage comic ဥပမာ တစ်ခုပါ။ Photo credit to the original creator.

1 comment :