အင်တာနက်မီးမ် ဗဟုသုတအမျိုးမျိုး

Featured Post

Meme Guide For Beginners

Advice Animal meme အခြေခံ တန်းပလိတ်တွေရဲ့ အခြေခံအဆင့် အသုံးပြုပုံတွေကို ဒီ album မှာထည့်ပေးသွားပါမယ်။ မီးမ်ဆိုတာ ကျယ်ပြန့်တဲ့သဘော ရှိတဲ့...

Tuesday, June 28, 2016

Spongegar Meme မိတ်ဆက်

No comments :
meme အမည် - Spongegar/ Primitive Sponge/ Caveman SpongeBob
Meme အမျိုးအစား - Reaction Image, Exploitable

(ဒီပုံကို Spongegar လို့ခေါ်တာ မှားတယ်လို့ SpongeBob Square pants ကာတွန်းဖန်တီးရှင်တွေက ပြောကြပါတယ်။ ဒါပေမဲ့ မီးမ်ဖြစ်လာချိန်မှာ လူတိုင်းက spongegar လို့ခေါ်နေပြီး ဖြစ်တာကြောင့် အဲဒီနာမည်က ပိုတွင်ကျယ်တဲ့အတွက်ရော ရေးရမှတ်ရတာ လွယ်အောင်လို့ပါ အဲဒီနာမည် Spongegar ကိုပဲ ဆက်သုံးသွားပါမယ်) 

သမိုင်းကြောင်း


SpongeBob SquarePants ဆိုတဲ့ ကာတွန်းကားကို ကလေးတိုင်းလိုလို(လူကြီးတွေလည်းပါတယ် မညာနဲ့) ကြိုက်ကြပါတယ်။
၁၉၉၉ ခုနှစ် ဒီဇင်ဘာလမှာ ထုတ်လွှင့်ခဲ့တဲ့ SpongeBob ကာတွန်းကား ဇာတ်လမ်းပိုင်းထဲမှာ ကျောက်ခေတ်က SpongeBob တို့အမျိုး ဇာတ်ကောင်တစ်ခု ပါပါတယ်။ အဲဒီဇာတ်ကောင်က ကျွန်တော်တို့ ခုပြောနေတဲ့ meme ဖြစ်လာတာပါ။
ကျောက်ခေတ် spongebob
 ၂၀၀၄ ခုနှစ်မှာတော့ SpongeBob ရဲ့ ဘိုးဘေးဘီဘင် တော်တဲ့ Spongegar ဆိုတဲ့ ဇာတ်ကောင်တစ်ခုကိုလည်း တစ်ခါထပ် တွေ့ခဲ့ရပါတယ်။
spongegar

meme ဖြစ်လာတဲ့အခါကျတော့ လူတွေက မှားပြီး ကျောက်ခေတ် Spongebob ကို Spongegar လို့ခေါ်လိုက်ကြလို့ အဲ့နာမည် တွင်သွားပါတယ်။ ဒီတော့ ဒီ meme ကို အများနည်းတူ Spongegar ခေါ်ခေါ် Primitive Sponge ခေါ်ခေါ် Caveman Spongebob ခေါ်ခေါ် ကိုယ်ကြိုက်သလို ခေါ်နိုင်ပါတယ်။

ခြေတွေလက်တွေကားနေပြီး ရှော့ခ်ဖြစ်နေတဲ့ မျက်နှာနဲ့ Spongegar meme ဖြစ်လာမယ့် ပုံ (အပေါ်ဆုံးက ပုံကိုကြည့်ပါ) ကိုတော့ ဟိုးအရင်ကတည်းက 4Chan ရဲ့ music board မှာ ဖိုတိုကွန်မန့်အဖြစ် သုံးနေခဲ့ကြတာပါ။ အဲဒီတုန်းက တစ်ခုခုကို ရွံရှာတဲ့သဘော မကြိုက်တဲ့သဘောကို ပြတဲ့အနေနဲ့ ဒီဖိုတိုကွန်မန့်ကို သုံးခဲ့ကြပါတယ်။

Meme ဖြစ်လာပုံ 

Knowyourmeme.com ရဲ့အဆိုအရ ၂၀၁၅ ခုနှစ်မှာ အောက်မှာပြထားတဲ့ ပုံကို စတင်တွေ့ခဲ့ရပါတယ်။
meme ဖြစ်မလာခင်က ပုံပါ။ ဘာသာပြန် - သံဝါသပြုနေချိန်နှင့် ရည်းစား၏ မိဘများနှင့် တွေ့ချိန် ကို နှိုင်းပြထားပုံ
အဲဒီကနေ မထင်မရှားနဲ့ တစ်နှစ်အကြာ ၂၀၁၆ ခုနှစ်မေလထဲမှာ အောက်မှာ ပြထားတဲ့ ပုံနှစ်ပုံကို Reddit ရဲ့ blacktwitter meme တွေတင်ကြတဲ့ /r/Blackpeopletwitter ဆိုတဲ့ subreddit မှာ တင်လိုက်ကြရာက စလို့ အလျင်အမြန် ထင်ရှားပျံ့နှံ့ သွားတဲ့အတွက် ဒီ ဖိုတိုကွန်မန့် ပုံဟာ meme ဖြစ်လာပါတယ်။
Meme ဖြစ်လာပြီးနောက် Reddit မှာ /r/spongegar/ ဆိုတဲ့ subreddit တစ်ခုထောင်ထားတာ တွေ့ရပါတယ်။ သွားရောက်လေ့လာနိုင်ပါတယ်။
ကွန်ဒုံးပါမှ ရှေ့ဆက်မယ်ဟု သူမကပြောချိန်တွင် စူပါမားကတ်သို့ အမြန်ပြေးပုံ

တစ်ယောက်တည်း ထုနေစဉ် အိမ်ရှေ့မှာ ကားဆိုက်လာသံ ကြားသောအခါ

 Blacktwitter memes


Black twitter image macro ဆိုတာ "သောအခါ" meme လို့အကြမ်းဖျင်း ခေါ်ကြတဲ့ image macro အမျိုးအစား meme တစ်မျိုး ဖြစ်ပါတယ်။ သောအခါမီးမ်ဖြစ်ပေမဲ့ တခြား သောအခါမီးမ်းတွေနဲ့ မတူတဲ့ အချက်က လူမည်းရက်ကွက် စရိုက်ကျကျ သဘောတွေ ပါရပါတယ်။ (ဥပမာ အမေရိကားက လူဆိုးလူမည်းရက်ကွက်က ပုံစံမျိုး)

ဒီ Spongegar meme ကလည်း Blacktwitter meme ဖြစ်တဲ့အတွက် အဲဒီလိုစရိုက်တွေ ပါမှ epic ဖြစ်ပါတယ်။ (လူမည်းယဉ်ကျေးမှုကို တော်ရုံတန်ရုံ တီးခေါက်မိတဲ့သူ အတွက်တောင် epic စစ်စစ် ဖြစ်ဖို့ ခက်တယ်လို့ ပြောချင်ပါတယ်။ )

အသုံးပြုပုံ


Meme က ပျံ့သွားတဲ့အခါကျတော့ သိပ်ပြီး epic မဖြစ်ကြတော့ဘဲ နည်းနည်းပေါ့သွားပေမဲ့ ရယ်ရတဲ့ meme တွေ တော်တော်များများတော့ တွေ့မိပါတယ်။

မြင်ရသလောက် ယေဘုယျ usage ကို ဒီလိုသုံးသပ်မိပါတယ်။

- စာတန်းထိုးလျင် Blacktwitter image macro ပုံစံ ဖြစ်ရမည်။ အပေါ်မှာပြထားတဲ့ meme စဖြစ်တဲ့ ပုံနှစ်ပုံလိုမျိုးပါ။

- Spongegarပုံ ချည်းပဲ သပ်သပ်မဟုတ်၊ ဖိုတိုရှော့နဲ့ တွဲပြီး သရုပ်ဖော်ရသည်။

- အံ့အားသင့်ခြင်း၊ စိတ်မရှည်ခြင်း၊ စိုးရိမ်ခြင်း ခြောက်ခြားခြင်း၊ စိတ်အနှောင့်အယှက်ဖြစ်ခြင်း ဟူသည့် ခံစားချက်များထဲမှ နှစ်ခုသုံးခု ဖြစ်စေ၊ အကုန်လုံးဖြစ်စေ ရောထွေးနေသော ခံစားချက်ကို ပြရာတွင် သုံးသည်။

- Photoshop လုပ်ရာတွင် သပ်ရပ်မှု၊ အသေးစိတ်ကို ဂရုစိုက်တတ်မှုနှင့် အချိန်ကိုက်တင်ပြတတ်သော ဟာသဉာဏ်ရွှင်မှု ရှိသင့်သည်။

- ဖိုတိုရှော့ပေါ် မူတည်၍ တခါတလေ စာတမ်းထိုးစရာ မလိုလျင် စာတန်းမထိုးပါနှင့်။

ဒီမှာ imgurean တစ်ယောက်က စိတ်ကောင်းရှိသောအားဖြင့် spongegar meme လေးတွေ စုပြီး တင်ပေးထားပါတယ်။ ပုံရှစ်ဆယ်လောက် ရှိပါတယ်။  ဒီမှာ ကြည့်ကြည့်ပါဦး။

***လွတ်လပ်စွာ Like and share ကြပါ။ Copy paste လုပ်ပြီး credit ဆိုတဲ့စာလုံးနဲ့တော့ ပြန်မတင်ကြပါနဲ့လို့။***

Find this article on facebook 

https://www.facebook.com/memeKnowledgeMyanmar/posts/263071747395522?notif_t=like&notif_id=1467108213911683

Reference

Knowyourmeme.com
Reddit.com

No comments :

Post a Comment