အင်တာနက်မီးမ် ဗဟုသုတအမျိုးမျိုး

Featured Post

Meme Guide For Beginners

Advice Animal meme အခြေခံ တန်းပလိတ်တွေရဲ့ အခြေခံအဆင့် အသုံးပြုပုံတွေကို ဒီ album မှာထည့်ပေးသွားပါမယ်။ မီးမ်ဆိုတာ ကျယ်ပြန့်တဲ့သဘော ရှိတဲ့...

Sunday, August 28, 2016

Snowclone meme မိတ်ဆက်

2 comments :


သတ်မှတ်ထားတဲ့ ဓါတ်ပုံပေါ်မှာ သတ်မှတ်ထားတဲ့ လေယူလေသိမ်းအတိုင်း၊ သတ်မှတ်ထားတဲ့ သဘောတရားတွေကို ဘောင်ဝင်အောင် ရေးကြတဲ့ image macro template တွေကို meme သမားတိုင်း ကျွမ်းဝင်ကြပါတယ်။

ဒီနေ့ မိတ်ဆက်မှာကတော့ သတ်မှတ်ထားတဲ့ စာကြောင်းထဲမှာ၊ သတ်မှတ်ထားတဲ့ လေယူလေသိမ်းအတိုင်း၊ သတ်မှတ်ထားတဲ့ စာလုံးတွေ မပါမဖြစ်ပါရမယ့် စာကြောင်း တန်းပလိတ်များ ဖြစ်တဲ့ "Snowclone meme " တွေအကြောင်း ဗဟုသုတ အနေနဲ့ မိတ်ဆက်မှာပါ။
ပထမဆုံး Snowclone ရဲ့အဓိပ္ပာယ်ကို ပြောပါမယ်။ Snowclone ဆိုတာ phrasal template (စကားစု တန်းပလိတ်) ဖြစ်ပြီး၊ နေရာအမျိုးမျိုး အခြေအနေ အမျိုးမျိုးမှာ ထပ်ခါထပ်ခါ customize လုပ်ပြီးပြန်သုံးလို့ရတဲ့ စကားများကို ခေါ်တာဖြစ်ပါတယ်။ Snowclone တွေက ဘာနဲ့သွားတူလဲဆိုတော့ စကားလုံးတွေနဲ့ တည်ဆောက်ထားတဲ့ meme template တွေနဲ့ သွားတူပါတယ်။

Image macro meme တွေနဲ့ ရင်းနှီးသူတိုင်း သိထားတဲ့ အချက်တစ်ခုက "Image macro တိုင်းသည် meme မဟုတ်ပါ။ သို့သော် image macro အမျိုးအစား meme ဆိုတာ ရှိသည်" လို့ သိထားရပါမယ်။ ဒီလိုပဲ "Snowclone တိုင်းသည် meme မဟုတ်ပါ။ သို့သော် Snowclone အမျိုးအစား meme ဆိုတာ ရှိပါတယ်"။

ဒီစာကြောင်း တန်းပလိတ်တွေကို "Phrasal template" (စကားစု တန်းပလိတ်) လို့လည်း ခေါ်ပါတယ်။ Meme အမျိုးအစား အသစ်များလားလို့ လန့်မသွားကြပါနဲ့။ တော်တော်များများက အားလုံးရင်းနှီးပြီးသား တန်းပလိတ်တွေပါ။

စာကြောင်းတန်းပလိတ်တွေကို image macro ဖြစ်တဲ့ဓါတ်ပုံတန်းပလိတ် တွေနဲ့ တွဲလျက်တွေ့ရတတ်သလို၊ စာကြောင်းကmeme ဖြစ်နေလို့ ဓါတ်ပုံကို ကိုယ့်ဘာသာ လုပ်ယူရတာလည်း ရှိပါတယ်။ ဓါတ်ပုံပေါ်မှာ ရေးစရာ မလိုဘဲ စာကြောင်းချည်း သက်သက် meme ဖြစ်တာလည်း ရှိပါတယ်။ စာကြောင်းတန်းပလိတ် အမျိုးမျိုးပေါ့နော်။

Image macro နဲ့ တွဲလျက်တွေ့ရတဲ့ စာကြောင်းတန်းပလိတ်တွေကတော့ ဒီ page ရဲ့ ပရိတ်သတ်များ အကျွမ်းဝင်ဆုံး ဖြစ်ကြပါလိမ့်မယ်။

Image macro မှာသုံးတဲ့ ဓါတ်ပုံတွေက ရုပ်ရှင်တို့ဘာတို့ကနေ screen shot ရိုက်ထားတတ်တာတွေ ဖြစ်တတ်သလို၊ ဒီ Snowclone meme မှာသုံးတဲ့ စာကြောင်းတန်းပလိတ်တွေကလည်း ရုပ်ရှင်တို့ ဇာတ်လမ်းတွဲတို့ကနေ လာတာ များပါတယ်။

ဥပမာတွေ မပြခင် နောက်ဆုံးအသိပေးချင်တာက ဗန်းစကားနဲ့ snowclone နဲ့ မတူပါဘူး။ ကွီးတို့ မွီးတို့ ခိုခိုတို့လို စကားတွေက snowclone မဟုတ်ပါဘူး။

ဥပမာများ

Image macro meme နဲ့ တွဲပြီးတွေ့ရတတ်တဲ့ Snowclone meme များမှာ -
"The most amazing man" - ငါက ဘာမလုပ်ဘူးဆိုလည်း မလုပ်ဘူး၊ လုပ်ပြီဆိုရင်လည်း ဘယ်လို"
"X,X everywhere" - ဘာတွေ ဘာတွေ နေရာတိုင်းမှာ
"One does not simply ......"
" X is too damn high"
စသည်တို့ ဖြစ်ပါတယ်။ မြန်မာ တန်းပလိတ်တွေမှာဆိုရင်
ခင်လှိုင်တန်းပလိတ် " ကျနော်က ဘာလုပ်လို့ရတယ်၊ ဒါပေမဲ့ မလုပ်ဘူး၊ ဘာဖြစ်လို့"
" Aလည်း ဖြစ်ချင်တယ် Bလည်းဖြစ်ချင်တယ် နှစ်ခုလုံးအဆင်ပြေတာတော့ မရှိဘူး ထင်တယ်"
"A ဖြစ်ရတာ ဂုဏ်ယူတယ် B ဖြစ်လို့ပျော်တယ်"
"စောင် A တွေ B စားကြကွာာား"
စသည်တို့ ရှိပါတယ်။


ပုံကို ကိုယ့်ဘာသာ ဖန်တီး/ရှာဖွေပြီး ပုံနဲ့တွဲလျက်ဖြစ်ဖြစ် ပုံမပါဘဲ သူ့ချည်းပဲ ဖြစ်ဖြစ် ရေးရတဲ့ snowclone meme များမှာ -
"Keep X and X on"
" A wild X appeared"
" X gonna X"
"To X or not to X"
"Are you a wizard"
စသည်တို့ ဖြစ်ပါတယ်။
တခြား snowclone meme တွေလည်း အများကြီးရှိပါတယ်။ ရှေ့လျှောက် meme တစ်ခုခုကို ရှင်းပြတဲ့အခါ meme အမျိုးအစား =snowclone ဆိုရင် ဘာကိုပြောချင်တာမှန်း သိနိုင်လောက်ပြီပေါ့။

2 comments :