အင်တာနက်မီးမ် ဗဟုသုတအမျိုးမျိုး

Featured Post

Meme Guide For Beginners

Advice Animal meme အခြေခံ တန်းပလိတ်တွေရဲ့ အခြေခံအဆင့် အသုံးပြုပုံတွေကို ဒီ album မှာထည့်ပေးသွားပါမယ်။ မီးမ်ဆိုတာ ကျယ်ပြန့်တဲ့သဘော ရှိတဲ့...

Sunday, August 28, 2016

Pokémon = Internet meme ယဉ်ကျေးမှုကြီးရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု

No comments :
(ဘာသာပြန်ဆောင်းပါး)
*** Pokemon Go ဂိမ်းထွက်လာမှ မြန်မာပြည်မှာ လူတိုင်းသိလာတဲ့ Pokemon ဆိုတဲ့ ဂိမ်းက တကယ်တော့ ၉၀နှစ်များကတည်းက ကမ္ဘာမှာ အရမ်းထင်ရှားလူသိများပြီး၊ Pokemon ယဉ်ကျေးမှုဟာ internet meme လောကရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒီ Pokemon ဂိမ်းအကြောင်းကို Internet meme လောကရဲ့ ရှုဒေါင့်ကနေ ရေးထားတဲ့ knowyourmeme ရဲ့ ဆောင်းပါးထဲက အစိတ်အပိုင်းတစ်ခုကို ဆီလျော်အောင် ဘာသာပြန်ပေးမှာ ဖြစ်ပါတယ်။****

Pokémon ဆိုသည်မှာ

ပိုကီမွန်ဆိုသည်မှာ ၁၉၉၆ ခုနှစ်တွင် Game Freak မှ ထုတ်လုပ်ခဲ့ပြီး Nintendo မှထုတ်ဝေဖြန့်ချီသော ဗီဒီယိုဂိမ်းစီးရီးတစ်ခုမှနေ၍ စတင်ပေါက်ဖွားလာသည့် မီဒီယာလုပ်ငန်းကြီးတစ်ခု ဖြစ်ပါသည်။ ဂျပန်ဘာသာဖြင့် “Poketto Monsutā” (ポケットモンスター)... အင်္ဂလိပ်ဘာသာဖြင့် Pocket Monsters ဆိုသည့် စကားလုံးကို ပေါင်းစပ်ဖွဲ့စည့်ပြီး (Pocket မှ P, O, K, E, Monsters မှ M, O, N) Pokemon ဟူသည့် နာမည် ရရှိလာခြင်း ဖြစ်ပါသည်။ Pokemon မှာ ဂိမ်းမီဒီယာတင် မကဘဲ အခြားမီဒီယာ အရပ်ရပ်လည်း ရှိပြီး၊ Pokemon ဟုခေါ်သော အကောင်ကလေး အမျိုးမျိုးကို ဖမ်းကာ ပိုကီမွန်အချင်းချင်း တိုက်ခိုက်စေရသော ဇာတ်လမ်းမျိုး ဖြစ်တတ်ပါသည်။

မူရင်း ဗီဒီယိုဂိမ်းများအပြင် Anime, Manga, ဖလှယ်ပြီး ကစားရသော ကတ်ပြားများ၊ ကစားစရာ အရုပ်များ၊ ရုပ်ရှင်များ၊ စာအုပ်များ စသည်ဖြင့် နေရာ အမျိုးမျိုးတွင် ပိုကီမွန်များကို အသုံးပြုကြသည်ကို တွေ့နိုင်ပါသည်။ အင်တာနက်ပေါ်တွင်မူ ပိုကီမွန်သည် ကြီးမားသော အမာခံ ပရိတ်သတ်ထုကြီး ရှိနေပြီး၊ ထို fan များမှနေ၍ fan art များ၊ fan fiction ဇာတ်လမ်းများနှင့် meme အမျိုးမျိုး ထွက်ပေါ်လျက် ရှိပါသည်။

သမိုင်းကြောင်း


Pokemon လုပ်ငန်းကြီး စတင်ပေါ်ပေါက်လာသည်မှာ ဒီဇိုင်းနာ Satoshi Tajiri မှ ရေးဆွဲဖန်တီးသော ဗီဒီယိုဂိမ်းမှ စတင်ခြင်း ဖြစ်ပါသည်။ ထိုဒီဇိုင်နာသည် သူ၏ ကလေးဘ၀က ပိုးကောင်လေးများ ဖမ်းကာစုဆောင်းရသော ၀ါသနာ ရှိခဲ့ပါသည်။ ထိုဝါသနာနှင့် အတွေ့အကြုံကို အခြေခံပြီး ပိုကီမွန်ဂိမ်းကို ဖန်တီးခဲ့ခြင်း ဖြစ်ပါသည်။ ပိုကီမွန်ဂိမ်းသည် Poket monsters Red နှင့် Poket Monsters Blue အမည်များဖြင့် Nintendo Gameboy တွင်ကစားရသော ဂိမ်းအဖြစ် ၁၉၉၆ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင့် ဂျပန်နိုင်ငံ၌ စတင်ဖြန့်ချီခဲ့ပြီး လွန်စွာအောင်မြင်ခဲ့ကာ Pokemon Blue ဗားရှင်း ထွက်ရှိခဲ့ပြီး ဂျပန်ဘာသာမှ အခြားဘာသာများသို့ ဘာသာပြန်၍ ၁၉၉၈ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ ရောက်ရှိခဲ့ပါသည်။ နောက်တစ်နှစ်အကြာတွင် Pokemon Yellow ထပ်မံထွက်ရှိခဲ့ပြီး Gameboy Color စက်နှင့် ကစားနိုင်ပါသည်။

Gameboy အပြင် Pokemon သည် Nintendo, GameCube, Wii နှင့် WiiU console ဂိမ်းများလည်း ထွက်ရှိခဲ့ပါသည်။ ထို့နောက် Standard RPG နှင့် action RPG ဂိမ်းများလည်း ရှိပါသည်။ ၂၀၁၃ ခုနှစ်အထိ Nintendo စက်အမျိုးမျိုးတွင် ကစားနိုင်သည့် Pokemon ဂိမ်းများမှာ ဂိမ်းမျိုးဆက်ခြောက်ဆက် ရှိခဲ့ပြီ ဖြစ်ပါသည်။

၁၉၉၈ ခုနှစ်မှစကာ ပိုကီမွန်ကို ခေါင်းစဉ်အမျိုးမျိုးဖြင့် ဖန်တီးထုတ်ဝေခဲ့ကြရာ၊ Trading Cards game (ကတ်ပြားများ ဖလှယ်ရသော ကစားနည်း)၊ Pokemon Pinball ဂိမ်းအမျိုးမျိုး၊ GameBoy နှင့် console RPG မြောက်များစွာ ထွက်ရှိခဲ့ပြီး ဖြစ်ပါသည်။

ပိုကီမွန်အကောင်လေးများ


Nintendo ကုမ္ပဏီသည် ပိုကီမွန်အကောင်လေးများကို ဖန်တီးရာတွင် နာမည်ပေးသောအခါ မည်သည့် ဘာသာစကားဖြင့် ဘာသာပြန်သည်ဖြစ်စေ ပိုကီမွန်တစ်ကောင်စီတိုင်း၏ သဘာဝလေးများကို ပါအောင်ထည့်ပြီး ဘာသာပြန်နိုင်ရန် အထူးဂရုစိုက်ပြီး နာမည်ပေးတတ်ပါသည်။ ပိုကီမွန်တစ်ကောင်၏ နာမည်သည် ထိုပိုကီမွန်၏ ဂုဏ်သတ္တိကို ဖော်ပြနေပါသည်။ ဥပမာ Charlizard ပိုကီမွန်တွင် "Char" (လောင်ကျွမ်းသွားသည့် သဘော) ပါဝင်သောကြောင့် Charlizard သည် မီးအမျိုးအစား ပိုကီမွန်မှန်း အလွယ်တကူ မှတ်သားနိုင်ပါသည်။

ထိုပိုကီမွန် နာမည်များသည် ကစားသူများအကြား အလွန်လူသိများသဖြင့် ၂၀၀၂ ခုနှစ် ဗြိတိန်နိုင်ငံတွင် ကောက်ယူခဲ့သော စာရင်းအရ ကလေးများသည် ပိုကီမွန်အမျိုးအစားများကို သူတို့ပတ်ဝန်းကျင်မှ တိရိစ္ဆာန်အမျိုးအစားများထက် ပိုမိုကျွမ်းကျင်စွာ အမျိုးအစား ခွဲခြားနိုင်ကြကြောင်း တွေ့ရှိခဲ့ရပါသည်။

၂၀၁၃ ခုနှစ် အောက်တိုဘာလအထိ ထွက်ရှိပြီး ပိုကီမွန်မျိုးစိတ်ပေါင်း ၇၂၁ မျိုးရှိနေပြီး ၄င်းတို့ထဲတွင် Pikachu (ပီကာချူး) မှာ အထင်ရှားဆုံးဖြစ်ကာ ပီကာချူးသည် ပိုကီမွန်လုပ်ငန်းကြီး၏ လာဘ်ကောင် အမှတ်အသားလည်း ဖြစ်ပါသည်။

ပရိတ်သတ်၏ လက်ခံမှုအတိုင်းအတာ


ပိုကီမွန်သည် Mario ပြီးလျင် ဒုတိယရောင်းအကောင်းဆုံး ဂိမ်းလုပ်ငန်းကြီးဖြစ်ပါသည်။ ထိုင်ဝမ်နှင့် ဂျပန်တွင် Pokemon theme park ကစားကွင်းကြီးများ ရှိပါသည်။ ဂျပန်နိုင်ငံ၏ အကြီးဆုံး Nippon Airways လေကြောင်းလိုင်းတွင် ပိုကီမွန်ဒီဇိုင်းများဖြင့် ခြယ်မှုန်းထားသော လေယာဉ်ကြီး ဆယ်စီးရှိပါသည်။ နယူးယောက်မြို့တော်မှ Nintendo World ဆိုင်ကြီးတွင် အထပ်တစ်ထပ်လုံးကို ပိုကီမွန်သီးသန့် လုပ်ထားခြင်း ရှိပါသည်။ South Park, The Simpsons, Austin Powers, Robot Chicken စသည့် နာမည်ကြီးသော တီဗီဇာတ်လမ်းတွဲများနှင့် ရုပ်ရှင်များတွင်လည်း ပိုကီမွန်ကို ထည့်သွင်းပြောဆိုရိုက်ကူးခြင်း ရှိပါသည်။

Online Presence

Official Pokemon ကုမ္ပဏီသည် အင်တာနက်တွင် လူမှုကွန်ယက်အား သိပ်မသုံးသည်ကို တွေ့ရပါသည်။
သို့သော် ကျယ်ပြန့်လှသော fan ထုကြီးရှိခြင်းကြောင့် fansite များစွာရှိနေပါသည်။ ပိုကီမွန်သတင်း၊ ပိုကီမွန်အချက်အလက်၊ ပိုကီမွန် ဖိုရမ်၊ ဆောင်းပါး၊ တိုက်ပွဲကျွမ်းကျင်မှု တိုးမြင့်ရန် calculatorများ၊ ပိုကီမွန်ဝီကီပီးဒီးယားကဲ့သို့သော ဆိုဒ်မျိုး၊ ပိုကီမွန်လမ်းညွှန်များ၊ ပိုကီမွန် trading card game အထူးပြု ၀ဘ်ဆိုဒ်များအပြင် 4Chan တွင် Pokemon သီးသန့် board တစ်ခု ရှိပါသည်။

၂၀၁၂ ခုနှစ်အထိ Fanfiction ဇာတ်လမ်းများ ၄၅၀၀ ကျော်ရှိနေပါသည်။ ထို့အပြင် Pokemon လောကထဲမှ ဇာတ်ကောင်များ (ဥပမာ Professor Oak, Ash, Misty စသည်) တို့အား ချစ်သူအတွဲများအဖြစ် စိတ်ကူးယဉ် ဇာတ်လမ်းလေးများ လုပ်ပေးသည့် shipping ဇာတ်လမ်းများလည်း အလွန်ထင်ရှားပါသည်။ လူဇာတ်ကောင်အချင်းချင်းသာ မကဘဲ အဖွဲ့အချင်းချင်း၊ Agency အချင်းချင်း၊ အရောင် အချင်းချင်း၊ ပိုကီမွန်အချင်းချင်း တွဲပေးသော ဇာတ်လမ်းများ၊ anime များ များစွာဖန်တီးထားလျက် ရှိနေပါသည်။

No comments :

Post a Comment