အင်တာနက်မီးမ် ဗဟုသုတအမျိုးမျိုး

Featured Post

Meme Guide For Beginners

Advice Animal meme အခြေခံ တန်းပလိတ်တွေရဲ့ အခြေခံအဆင့် အသုံးပြုပုံတွေကို ဒီ album မှာထည့်ပေးသွားပါမယ်။ မီးမ်ဆိုတာ ကျယ်ပြန့်တဲ့သဘော ရှိတဲ့...

Saturday, June 18, 2016

Advice Animals အမျိုးအစား Meme

2 comments :


အင်တာနက် မီးမ်အမျိုးမျိုးရှိရာမှာ အထင်ရှားဆုံးက image macro လို့ခေါ်တဲ့ စာတန်းထိုးထားတဲ့ ဓါတ်ပုံအမျိုးအစားတွေပါ။ Image macro ကလည်း အမျိုးမျိုး ရှိပါသေးတယ်။ အဲဒီထဲကမှ အထင်ရှားဆုံးဖြစ်တဲ့ Advice Animal အမျိုးအစား မီးမ်းတွေအကြောင်း ဗဟုသုတအနေနဲ့ ရှင်းပြပါမယ်။

အရင်ဆုံး Image Macro အကြောင်း ပြန်နွှေးရအောင်။ Image Macro (အင်းမေ့ခ်ျ မက်ခရို) ဆိုတာ ကျယ်ပြန့်သော သဘောရှိတဲ့ ရုပ်ပုံလို့ အကြမ်းဖျင်း ဘာသာပြန်ချင်ပါတယ်။ ဓါတ်ပုံတစ်ပုံပေါ်မှာ စာတစ်ကြောင်းနှစ်ကြောင်းပဲ ရေးထားပြီး ပြောချင်တဲ့အကြောင်းအရာ အများကြီးကို တိုတိုတုတ်တုတ် ထိထိမိမိ ပြောပြနိုင်တဲ့ ရုပ်ပုံမျိုးပေါ့။ Image Macro တစ်ခုဟာ နာမည်ကြီးလာပြီး လူပေါင်းများစွာ အထပ်ထပ် ပြန်သုံးလာတဲ့အခါမှာ Meme ဖြစ်လာပါတယ်။ အထူးသတိပြုပါ။ Image Macro တိုင်း Meme မဟုတ်ပါ။ ပိုသိချင်ရင်တော့  ပိုစ့်တစ်ခု ရေးထားပြီးသား ရှိပါတယ်။‬  ဒီမှာဖတ်ပါ

Advice Animals

Meme Group တွေမှာ အတွေ့ရအများဆုံး မက်ခရိုအမျိုးအစား ဖြစ်ပါတယ်။ အထပ်ထပ်ပြန်သုံးနိုင်တဲ့ ဓါတ်ပုံ တန်းပလိတ်ပေါ်မှာ စာကို အဖြူမှာ အနက်ကွပ်ထားတဲ့ အရောင်နဲ့ ဓါတ်ပုံ အပေါ်ပိုင်းမှာ တစ်ကြောင်း၊ အောက်ပိုင်းမှာ တစ်ကြောင်း စာတမ်းထိုးရပါတယ်။ တန်းပလိတ် အသုံးပြုပုံတွေ တိတိကျကျ သတ်သတ်မှတ်မှတ် ရှိပြီး နောက်ခံဇာတ်လမ်းတွေကလည်း မီးမ်သမားတိုင်း သိကြတာမို့ စာတမ်းထိုးတဲ့အခါမှာ လေရှည်စရာမလိုဘဲ ကျယ်ပြန့်တဲ့ အယူအဆနဲ့ ခံစားချက်တွေကိုတောင် တိုတိုတောင်းတောင်းနဲ့ ထိမိအောင် ပြောပြနိုင်တဲ့ မက်ခရိုတွေ ဖြစ်ပါတယ်။

Advice Animals ဟာ internet meme လောကမှာ ဘယ်လောက်နေရာရလဲဆိုရင် လူတွေအများစုက meme ဆိုတာနဲ့ advice animal တစ်မျိုးတည်းကိုပဲ ပြေးမြင်တတ်ပြီး၊ မြန်မာ မီးမ်အဖွဲ့ တချိျု့မှာဆိုရင် “group ထဲမှာ meme ပဲတင်ပေးပါ” လို့ တောင်းဆိုတဲ့အခါ ‘meme’ ဆိုတာ ‘Advice Animal meme’ တစ်မျိုးတည်းကိုပဲ ရည်ညွှန်းတာ ဖြစ်နေတတ်ပါတယ်။

Reddit ရဲ့အာဘော်

Meme အကြောင်း ပြောမယ်ဆိုရင် အင်တာနက်မီးမ်လောကရဲ့ ဥသျှောင် Reddit ကို ကိုးကားခြင်းဟာ ဘယ်လိုမှ မမှားနိုင်ပါဘူး။ (Reddit အကြောင်းကိုလည်း တစ်နှေ့မှာ ရေးဖြစ်ပါလိမ့်မယ်)

၁။ Reddit က Advice Animals ဆိုတာကို ဒီလိုအဓိပ္ပာယ် ဖွင့်ပါတယ်။
“Two-line jokes over a re-usable character” - အထပ်ထပ်ပြန်သုံး၍ရသော ဇာတ်ကောင်တစ်ခုအပေါ်တွင် စာကြောင်းနှစ်ကြောင်းဖြင့် ရေးထားသော ဟာသများ - လို့ ဘာသာပြန်လို့ရပါတယ်။

၂။ စာကြောင်းနှစ်ကြောင်း ရေးရမှာဆိုပေမယ့် တချို့ meme ခိုင်ခိုင်မာမာ ဖြစ်ပြီးသား “what year is it” တို့ “I should buy a boat cat” စသည်တို့လို စာတစ်ကြောင်းတည်းနဲ့ ပြီးတဲ့ မီးမ်တချို့ကိုလည်း ချွင်းချက်အဖြစ် advice animal ထဲ ထည့်သတ်မှတ်ထားပါသေးတယ်။

၃။ ပိုပြီးရှင်းအောင် Reddit က ဒီလိုဆက်ပြောပါတယ်။
“မက်ခရိုတိုင်းသည် မီးမ်မဟုတ်ပါ။ ထို့ကြောင့် ဓါတ်ပုံတစ်ပုံသည် ပိုစ့်တင်သူနှင့်သာ သက်ဆိုင်ပြီး၊ အခြားသူများ ပြန်သုံးလို့ မရလျင် (သို့မဟုတ် အကန့်အသတ်နဲ့ပဲ ပြန်သုံးနိုင်ရင်) ထိုဓါတ်ပုံသည် image macro တစ်ခုသာဖြစ်ပြီး meme မဖြစ်ပါ။”

Advice Animal သမိုင်းကြောင်း

ရှေ့က Internet Meme အကြောင်း ရှင်းပြထားတဲ့ (ဒီမှာဖတ်ပါ)ပိုစ့်မှာ ပြောခဲ့တဲ့အတိုင်း meme တွေ ရှိနေခဲ့တာ ဒုတိယကမ္ဘာစစ် မတိုင်ခင်ကတည်းက ဖြစ်ပြီး၊ အင်တာနက်meme တွေ ရှိနေခဲ့တာကတော့ အင်တာနက်ဆိုတာ စပေါ်လာကတည်းကပါပဲ။ ဒါဆိုရင် advice animal meme တွေက ဘယ်တုန်းက စပေါ်လာတာလဲ။

၂၀၀၆ ခုနှစ် စက်တင်ဘာလထဲမှာ “Advice Dog” ဆိုတဲ့ ပေါက်တတ်ကရ အကြံတွေ ပေးတတ်တဲ့ ခွေးပုံလေးနဲ့ image macro ကနေစပြီး “advice animal” ရယ်လို့ ဖြစ်လာပါတယ်။ “Advice dog” ကနေ “advice cat” , “courage wolf”, “insane wolf” စသဖြင့် advice dog စီးရီးလိုက် တသီတတန်းကြီး ထွက်လာခဲ့ပါတယ်။

အစပိုင်းမှာ Advice Animal meme တွေက နောက်ခံ ရောင်စုံဖြာထွက်နေတဲ့ပုံစံ (color wheel) ပေါ်မှာ ဇာတ်ကောင်ကို ဖြတ်ညှပ်ကပ် တင်ထားတဲ့ ဓါတ်ပုံတွေကို သုံးထားကြပြီး၊ နောက်ပိုင်းမှာတော့ နဂိုပုံအတိုင်း edit မလုပ်ဘဲ ဒီအတိုင်းသုံးကြပါတယ်။ တိရိစ္ဆာန်ကောင်လေးတွေရဲ့ ပုံတင်မကဘဲ လူပုံတွေ၊ ကာတွန်းဇာတ်ကောင်တွေ၊ ရုပ်ရှင်ဇာတ်ကောင်တွေ၊ Rage Comic ဇာတ်ကောင်တွေ ကိုလည်း သုံးကြပါတယ်။

၂၀၁၀ပြည့်နှစ် Reddit မှာ Advice Animal subreddit ထောင်လိုက်တဲ့အချိန်ကစပြီး advice animal တွေဟာ meme လောကကို ကြီးစိုးလာကြကာ meme ဆိုရင် advice animal တစ်မျိုးတည်းကိုပဲ ပြေးမြင်ကြတဲ့အထိ ဖြစ်လာပါတော့တယ်။

2 comments :

  1. ကျေးဇူး bro ကျွန်တော်လဲ memeတွေရေးတင်ချင်တာ နားမလည်ဘူးဖြစ်နေတယ် bro ရေးထားတဲ့စာလေးတွေဖတ်ရတော့ သဘောတရားလေးတွေနားလည်တာပေါ့ ကျေးဇူး

    ReplyDelete