အင်တာနက်မီးမ် ဗဟုသုတအမျိုးမျိုး

Featured Post

Meme Guide For Beginners

Advice Animal meme အခြေခံ တန်းပလိတ်တွေရဲ့ အခြေခံအဆင့် အသုံးပြုပုံတွေကို ဒီ album မှာထည့်ပေးသွားပါမယ်။ မီးမ်ဆိုတာ ကျယ်ပြန့်တဲ့သဘော ရှိတဲ့...

Saturday, June 18, 2016

WT/WU နှင့် Steve Harvey

1 comment :
ရေးသူ - Nishida Mai

WU/WTအကြောင်းနဲ့ပတ်သက်လို့ Mai ရဲ့အမြင်လေး အရင်ပြောပါရစေ။ အခြေခံအကြောင်းတွေပြောမှာဆိုတော့ meme အကြောင်းနည်းနည်းပါးပါး သိတဲ့သူဆို ကျော်သွားလို့ရပါတယ်။

Meme group တွေထဲမှာ template မှားနေလို့ဖြစ်စေ usage မှားနေလို့ဖြစ်စေ WT WU စသည်ဖြင့် ၀င်ထောက်ပြတဲ့အခါ ထောက်ပြခံရသူတွေ အများဆုံး ပြန်မေးတက်တဲ့ မေးခွန်းက "မှားတယ် မှန်တယ် ဘယ်သူကသတ်မှတ်ထားတာလဲ" တဲ့။ သူတို့အမြင်မှာ ပုံတစ်ပုံတွေ့တယ်၊ အဲ့ပုံနဲ့လိုက်မယ့် ရယ်ရတဲ့ စာသားတစ်ခုရေးလိုက်တယ် နောက် တင်လိုက်တယ်၊ အဲ့ဒီနောက် ... လူတစ်ချို့ကမရယ်ကြပဲ ဘာလို့ မှားနေလို့ လာဝေဖန်ရတာလဲပေါ့။ မှားတယ်မှန်တယ် ဘယ်သူသတ်မှတ်ထားတာလဲပေါ့။

meme ဆိုတာမျိုးက ပုံတွေ့တိုင်း ပုံနဲ့လိုက်တဲ့စာရေးလို့မရဘူးဆိုတာသိကြမှာပါ။ အထူးသဖြင့် image macro advice animal template တွေပေါ့။ Bad Luck Brian ဆိုရင် ကံဆိုးကိုဆိုးရမယ်။ ကံဆိုးတဲ့အနေနဲ့ မသုံးပဲ အမှားလုပ်မိတဲ့ သူအဖြစ်သုံးရင် Wrong Template ပေါ့။ ဘာလို့ဆို ... အမှားလုပ်မိတဲ့အခါမျိုးမှာ သုံးတဲ့ Mistake Marvin တို့လို့ Template ကရှိပြီးသားကိုး။ ကံမကောင်းရင် ကံမကောင်းတဲ့ ဘောင်ထဲကပဲ ကြိုက်သလောက်မကောင်းပါ template usage မှန်တယ်လို့ ပြောလို့ရတာပေါ့။

အဲ့ဒီတော့ ဘယ်သူကသတ်မှတ်သလဲမပြောခင် ဥပမာလေးတစ်ခုနဲ့ Steve Harvey template အကြောင်း ပြောပြချင်ပါတယ်။ C,A,T Cat ကြောင် ဆိုပြီး ငယ်ငယ်က သင်ခဲ့ရတဲ့ အင်္ဂလိပ်စာမှာ Cat ဆိုတာ ကြောင်သတ္တ၀ါရယ် လို့ ဘယ်သူသတ်မှတ်ခဲ့မှန်း မသိကြပါဘူး။ ဒါပေမယ့် Cat လို့ပြောရင် ကြောင်မှန်းတော့သိကြတယ်မဟုတ်လား။ အင်္ဂလန်တစ်ပြည်လုံးလဲသိပါတယ်။ အမေရီကန်တစ်ပြည်လုံးလဲသိပါတယ်။

ဒါပေမယ့် Cat ဆိုတာကြောင်လို့ သူများသတ်မှတ်ထားတဲ့အတိုင်းလိုက်နာစရာလားကွား ... Cat ကို ငှက် လို့ကိုယ့်ဘာကိုယ် သတ်မှတ်မယ်။ အသံထွက်ချင်းလည်းဆင်တယ် ဘာညာ reason တွေပေးပြီး သတ်မှတ်လိုက်ပြီ ဆိုကြပါစို့။

"မနက်တုန်းကကွား ... cat လေးနှစ်ကောင် အိမ်ရှေ့ကသစ်ကိုင်းပေါ်မှာ သီချင်းလာဆိုနေကြတာ နားထောင်လို့ ကောင်းသကွား" ကိုယ့်အတွေးနဲ့ကိုယ်တော့ ငှက်ကလေး နှစ်ကောင် သီချင်းဆိုနေတာ မြင်ယောင်နေပေမယ့် ကြားရတဲ့သူအဖို့ ကြောင်နှစ်ကောင် သစ်ကိုင်းပေါ်မှာ သီချင်းဆိုတယ်ဆိုတော့ ဘယ်လိုမျိုးပါလိမ့်ဆိုပြီး တွေးမရဘူး၊ ကြောင်က သီချင်းဆိုတက်လို့လား ညောင်ညောင်အော်တာကိုပြောတာလား စသည်ဖြင့် ရှုပ်ထွေးပြီး သူပြောတာ နားမလည်ဘူးဖြစ်နေလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ လူအများလက်ခံထားတဲ့ Cat ဆိုတဲ့အဓိပ္ပာယ်နဲ့ သူတစ်ယောက်ထဲ လက်ခံထားတဲ့ Cat ဆိုတဲ့အဓိပ္ပာယ် မတူလို့ပဲ။

meme တွေမှာလဲ အဲ့လိုပဲ။ Template တစ်ခုကို အများလက်ခံထားတဲ့ ပုံစံအတိုင်းမသုံးပဲ ကိုယ့်ဘာကိုယ်ထွင်သုံးမယ်ဆိုရင် ကိုယ်ဘာကိုဆိုလိုတာလဲ လူအများနားလည်မှာမဟုတ်ဘူး။ "Batman ၀တ်စုံဝတ်ပြီး cosplay တယ် ... မိဘတွေ အသတ်ခံလိုက်ရတယ်" ဆိုတဲ့စာသားကို Badluck brian ပေါ်တင်ရေးရင် ကံဆိုးတဲ့ Cosplayer အကြောင်းကို အရွှန်းဖေါက်ထားတဲ့ meme ပေါ့။ ဒါပေမယ့် Lucky Larry ပေါ်တင်ရေးလိုက်တဲ့အခါ မိဘဆုံးတာပဲ ကိုယ့်အတွက်ကံကောင်းသလိုလို ကိုယ်ကပဲ မိဘတွေကို သေစေချင်နေသလိုလိုဖြစ်သွားတာပေါ့။

အဲ့လိုအခါမျိုးမှာ ရေးတဲ့စာသားက ဘယ်လောက်ပဲ ရယ်စရာကောင်းနေပစေအုန်း ပြောချင်တာ မရှင်းမရှင်းဖြစ်ပြီး သို့လော သို့လော တွေးနေရတာနဲ့ပဲ ရယ်ချင်စိတ်လဲ ရှိတော့မှာမဟုတ်ဘူး။ (template အကြောင်း မသိတဲ့လူတွေကတော့ စာသားပဲဖတ်ပြီးရယ်မှာပေါ့လေ။ အဲ့လိုလူတွေအတွက်ဆို ပုံပေါ်တင်ပြီးရေးနေစရာကိုမလိုတာ။)

WU အမှားအများဆုံး template က 90's problem ဖြစ်မယ်ထင်တယ်။ ပုံက ငိုနေတဲ့ပုံနဲ့ဆိုတော့ ကံဆိုးတာမျိုး ငိုချင်တာမျိုးတွေမှာ သုံးရမယ်လို့ ထင်သွားကြပုံရတယ်။ ဥပမာ "civil war ကြည့်ချင်လို့ ရုပ်ရှင်ရုံကိုသွားတယ် ... လက်မှတ်က ကုန်ပြီဆိုတာချည်းပဲ" ဆိုပြီး လက်ရှိ သူ့အဖြစ်အပျက်ကို ရေးတင်လိုက်တယ်။ ကြည့်တဲ့သူက သူ့အဖြစ်အပျက်ကိုမမြင်ပဲ ၉၀ ခုနစ်တုန်းက civil war ဆိုတာ ဘာကိုဆိုလိုတာပါလိမ့်ဆိုပြီး ကြောင်နေမှာ သေချာတယ်။ (အဲ့ဒါကြောင့်ပဲ Mai လဲ usage အတိအကျရှိပြီးသား template တွေကို reaction meme လုပ်တဲ့အခါ သုံးဖို့ အားမပေးတာ။)
နောက် The Most Interesting Man ကို ရဲရဲကြီးအာမခံတယ်ဆိုပြီး သုံးကြတယ်။ တကယ် ရဲရဲကြီးအာမခံတာက I Guarantee It ဆိုတာကို သုံးရမှာ။ WT ဖြစ်တာပေါ့။ Steve Harvey ဘက်လှည့်ရအောင်။

အခုပြောပြမယ့် Steve Harvey ဆိုတာ American က TV အစီအစဉ်တင်ဆက်သူပါ။
2015 Miss Universe ပြိုင်ပွဲ ဆုပေးပွဲမှာ ဖြစ်ခဲ့တဲ့အဖြစ်အပျက်ကြောင့် သူလဲ meme template တစ်ခုဖြစ်လာရပါတယ်။ အဲ့ဒီတုန်းက အဖြစ်အပျက်ကို ကြည့်လိုက်ရတဲ့သူတွေရှိကြလား။ December တုန်းကဖြစ်သွားတာဆိုတော့ ပူပူနွေးနွေးလေးပဲ ရှိသေးတယ်လေ။

ဆုရရှိသူဟာ Miss Colombia ပါဆိုပြီး Steve Harvey ကကြေငြာလိုက်တယ်။ Miss Colombia ကို သရဖူတွေဆောင်းပေးကြ ဖက်နမ်းကြနဲ့ နဲနဲကြာတော့မှ သူမှားကြေငြာမိတာပါ တကယ်ဆုရရှိသူက Miss Philippines ပါဆိုပြီး ပြန်ကြေငြာတယ်။ အကုန်ကြောင်ကုန်တာပေါ့။ ဆုရတဲ့ Miss Philippines လဲအပြည့်အ၀မပျော်လိုက်ရဘူး။ Miss Colombia ဆိုလည်း ငိုတာဆိုတာလေ အကုန်ဝိုင်းသနားကုန်ကြတယ်။

တကမ္ဘာလုံးက ၀ိုင်းကြည့်နေတဲ့ပွဲဖြစ်သလို ဒီလိုပွဲကြီးမျိုးမှာ ဆုရတဲ့သူကိုတောင် မှားကြေငြာရသလားဆိုပြီး ဝေဖန်သံတွေညံကုန်တာပေါ့။ တစ်ချို့ကလဲ ပွဲစီစဉ်တဲ့သူတွေ မထင်မရှားရေးထားလို့ မှားတာဆိုပြီးထောက်ပြတယ်။ တချို့ကလဲ Steve Harvey ကို အမှားကို ၀န်ခံပြီး ချက်ချင်း ပြန်ကြေညာပေးလို့ ချီးကျူးကြနဲ့ စုံသွားတာပဲ။ အဲ့ဒီအဖြစ်အပျက်က တစ်ကမ္ဘာလုံးသိတဲ့ အဖြစ်အပျက် ဖြစ်သွားတယ်။ (နောက်နေ့တွေမှာ ဆုပေးပွဲမှာ ဖြစ်သွားသလို ပြန်သရုပ်ဆောင်ကြ အခွက်ပြောင်ကြတဲ့ video တွေ အများကြီး တက်လာတာ သတိထားမိမှာပေါ့။ internet meme ဆိုတာ အဲ့ဒါပဲ။ လူတိုင်းသိတဲ့ အဖြစ်အပျက်တစ်ခု ကိစ္စတစ်ခုကို ပြန်တုပပြီး video တွေ image တွေနဲ့ ပြန်ပြုမူကြတာ။

ဖြစ်သွားတာက December 20th, Sunday ပါ။ နောက်တစ်နေ့ကျတော့ online မှာ တစ်ခုတက်လာတယ်။ Steve Harvey ပုံနဲ့"Happy Friday! ... wait. sorry, it's Monday" ဆိုပြီးတော့။ လူတိုင်း သောကြာနေ့ကို ချစ်ပါတယ်။ သောကြ်ာပြီးရင် စနေ တနင်္ဂနွေ နားရက် လာမှာမဟုတ်လား။ လူတိုင်း တနင်္လာနေ့ကိုမုန်းပါတယ်။ တနင်္လာပြီးရင် တစ်ပတ်လုံး ကျောင်းတက်၊အလုပ်လုပ် ရတော့မှာကိုး။ ဟေး ဒီနေ့ သောကြ်ာနေ့နော် (ကဲလို့ရပြီ) ... နေအုန်း မှားလို့ တနင်္လာနေ့ဟ (ကြုံးကြရုန်းကြအုန်းဟေ့) ဆိုတဲ့စာလုံးလေးတွေနဲ့ Steve Harvey ပုံက meme ပါပဲ။ အဖြစ်အပျက်တစ်ခုကို ပြန်တုပပြီး ကိုယ်ပိုင်စာသားပြောင်းထည့်လိုက်ရုံပါ။

meme template တစ်ခုစီတိုင်းမှာ Steve Harvey ရဲ့ story လိုမျိုးပဲ ကိုယ်ပိုင် ဇာတ်လမ်းလေးတွေ ရှိကြပါတယ်။ meme edu လုပ်တဲ့အခါ ဖြစ်ပေါ်လာပုံ ဇာတ်လမ်းလေးတွေကို ထည့်ပြောကြတယ်ဆိုတာကလဲ အဲ့ဒါကြောင့်ပါပဲ။ အဖြစ်အပျက်ကို သိထားတော့ meme ကို ပိုမှန်အောင် လုပ်လို့ရတာပေါ့။ Steve Harvey ပုံနဲ့ "သား cute လားဟင်လို့မေးနေလို့ ... သောက်ခွက်ပိတ်ရိုက်ခဲ့တယ်" ဆိုတဲ့ စာသားတွဲလိုက်ပြီဆိုပါတော့ ... စာသားက Steve Harvey ရဲ အဖြစ်ပျက်နဲ့ ဘာမှကိုမဆိုင်တာ၊ ဘယ်လိုမှကိုမအပ်စပ်တာမို့လို့ meme တစ်ခုလို့ ယူဆလို့မရဘူး။ WU/WT ဖြစ်ပြီပေါ့။ ဒီလောက်ဆို meme သမားတွေ ဘာလို့ WU/WT တွေကို အသည်းအသန် ငြင်းဆန်နေရလဲဆိုတာ သဘောပေါက်မှာပါ။

meme template usage တွေကို ဘယ်သူတွေက သတ်မှတ်သလဲဆိုတာလည်း ရိပ်မိလောက်ပါပြီ။ ဘယ်သူမှမသတ်မှတ်ဘူး သူ့ဘာသူဖြစ်တည်လာတာပါ။ အဖြစ်အပျက်တစ်ခု social တစ်ခုကိုဖြတ်သန်းသွားတယ်။ အဲ့ဒီအတိုင်းလိုက်တုပကြတယ်။ Internet meme ဆိုတာ ဒါပဲ။ အဲ့ဒါကို ကိုယ်ကထွင်ပြီး Steve Harvey ပုံနဲ့ "သား cute လားဟင်လို့မေးနေလို့ ... သောက်ခွက်ပိတ်ရိုက်ခဲ့တယ်" ဆိုပြီးထွင်သုံးတယ်ဆိုတာ Cat ကို ငှက် လုပ် နေသလိုမျိုးပါပဲ။ အဲ့လိုလူမျိုးတွေက C,A,T Cat ကြောင် ဆိုပြီး မသင်ခဲ့ရလို့ ဖြစ်တာပါ။ Cat ကို ကြောင် မှန်း သိတဲ့လူလဲ သူ့ပတ်ဝန်းကျင်မှာ မရှိလို့ပါ။

ဒါမှမဟုတ် ငှက် ကို Cat လို့ လိုက်ပြောတဲ့သူတွေများလာတဲ့အခါ အင်္ဂလန်ပြည်ကြီး အမေရိကန်ပြည်ကြီး တွေကပါ ငှက် ကို Cat လို့ ပြောင်းသုံးလာတဲ့အခါ ဆိုလို့ရှိရင်တော့ Steve Harvey ပုံနဲ့ "သား cute လားဟင်လို့မေးနေလို့ ... သောက်ခွက်ပိတ်ရိုက်ခဲ့တယ်" ဆိုတာဟာလဲ meme ဖြစ်ပြီပေါ့။
Steve Harvey နမူနာ meme လေးတွေ ထည့်ပေးလိုက်ပါတယ်။





1 comment :

  1. ကျေးဇူးပါ။ အရမ်းဖတ်လို့ကောင်းတဲ့အပြင် usage ပါတန်းမှတ်မိသွားတယ်။ wu wt ရှင်းပြတာလဲ ထိရောက်ပါတယ်။
    ကျေးဇူးတင်ပါတယ်ဗျာ

    ReplyDelete