အင်တာနက်မီးမ် ဗဟုသုတအမျိုးမျိုး

Featured Post

Meme Guide For Beginners

Advice Animal meme အခြေခံ တန်းပလိတ်တွေရဲ့ အခြေခံအဆင့် အသုံးပြုပုံတွေကို ဒီ album မှာထည့်ပေးသွားပါမယ်။ မီးမ်ဆိုတာ ကျယ်ပြန့်တဲ့သဘော ရှိတဲ့...

Saturday, June 18, 2016

RickRolling

No comments :

ရေးသူ - Min Khant Htae and BdoLynn

INTERNET MEME အကြောင်းပြောရင် Rickrolling အကြောင်းကတော့ မပြောမဖြစ်ပေါ့နော်။
Rickrollingအကြောင်းမပြောခင်သူ့သီချင်းစာသားလေးတစ်ချက်လောက်ချပြချင်ပါတယ်

Rick Astley-Never Gonna Give You Up
--------------------------------------
We're no strangers to love
You know the rules and so do I
A full commitment's what I'm thinking of
You wouldn't get this from any other guy
I just wanna tell you how I'm feeling
Gotta make you understand
Never gonna give you up
Never gonna let you down
Never gonna run around and desert you
Never gonna make you cry
Never gonna say goodbye
Never gonna tell a lie and hurt you
We've known each other for so long
Your heart's been aching, but
You're too shy to say it
Inside, we both know what's been going on
We know the game and we're gonna play it
And if you ask me how I'm feeling
Don't tell me you're too blind to see
(Never gonna give you up
Never gonna let you down
Never gonna run around and desert you
Never gonna make you cry
Never gonna say goodbye
Never gonna tell a lie and hurt you) x2
(Ooh, give you up)
(Ooh, give you up)
Never gonna give, never gonna give
(Give you up)
Never gonna give, never gonna give
(Give you up)
We've known each other for so long
Your heart's been aching, but
You're too shy to say it
Inside, we both know what's been going on
We know the game and we're gonna play it
I just wanna tell you how I'm feeling
Gotta make you understand
(Never gonna give you up
Never gonna let you down
Never gonna run around and desert you
Never gonna make you cry
Never gonna say goodbye
Never gonna tell a lie and hurt you) x3

 ကဲသီချင်းစာသားကိုဖတ်ပြီးပြီဆိုပါတော့..

Rickrollingဆိုတာဘာလဲ

Rick Astleyရဲ့ အအောင်မြင်ဆုံးလို့ဆိုရမယ့် ဒီသီချင်းကို ထုတ်လုပ်သူတွေက သီချင်းကို အောင်မြင်သထက် အောင်မြင်အောင်ဆိုပြီး သူ့အတွက်ပထမဆုံးMV (music video) ကို ထုတ်ပေးလိုက်ပါတယ်။

MVကတော့ ရိုးရိုးရှင်းရှင်းလေးပဲ Rick တစ်ယောက်သီချင်း ဆိုရင်း ကနေတာကို ရိုက်ထားတာပါ။
Rickrollingရဲ့ အစကတော့ meme တို့ရဲ့ ဘိုးအေကြီး 4Chan ကနေ စခဲ့တယ်လို့ အဆိုရှိပါတယ်။
သူ့မတိုင်ခင် version တစ်မျိုး ရှိခဲ့ပါသေးတယ်။
အဲဒါကိုတော့duckrollingလို့ ခေါ်ပြီး တစ်ယောက်ယောက်က အတည်ပေါက်နဲ့ link ( နာမည်ကြီးMovie torrent link, အတင်းသတင်းစသဖြင့်) အတည်ပေါက်ကြီး ချပေးထားပေမဲ့ တကယ်လည်း ဖွင့်ကြည့်လိုက်ရော ဘဲကလေးတစ်ကောင်ကို ဘီး၂ဘီးတပ်ပေးထားတဲ့ပုံ ဖြစ်နေတော့တာပါပဲ။

ဒီလိုအချဉ်ထောင်ဖမ်းလို့မိတဲ့ userတွေကို Duckroll လုပ်ခံရတယ်လို့ ခေါ်ကြပါတယ်။
Rickrollကို ၂၀၀၇လောက်မှာ 4Chan ရဲ့ /v/board ပေါ်မှာ စခဲ့တယ်လို့ ပြောကြပါတယ်။ ဘယ်လိုမျိုး အချဉ်ထောင် ဖမ်းခဲ့သလဲဆိုတော့ သီချင်းMVရဲ့ link ကို GTA IVရဲ့game trailer အသစ်ရဲ့mirror linkဆိုပြီး တင်ပေးလိုက်တာပါပဲ။ အဲ့တုန်းကလည်း တကယ့်trailerရဲ့linkကလည်း လူကြည့်များလို့သေနေတော့ တော်တော်များများက တကယ်အဟုတ်ထင်ပြီး ဝင်ကြည့် ပြီးမှ အချဉ်ဖမ်းခံလိုက်ရမှန်း သိကြတော့တာပေါ့။

မေ၂၀၀၈ လောက်လည်းကျရော အဲ့rickrollလုပ်ကြတာတွေက 4Chan တင်မကပဲ တခြားတခြားသော နေရာတွေကိုပါ ပြန့်ကုန်တော့တာပါပဲ။ Survey Americanရဲ့April၂၀၀၈ စစ်တမ်းကောက်မှုအရ အနည်းဆုံး အမေရိကန်လူမျိုး ၁၈သန်းလောက် ကတော့rickroll ခံလိုက်ရတယ်ဆိုပဲ။ Rickrollဟာဆိုရင်ဖြင့် အခုဆိုရင် link ချပေးပြီး အချဉ်ဖမ်းတာတင်မက သီချင်းစာသားတွေကို post ထဲမှာ မှာမလည်ရှုပ်လုပ်ပြီး ဖွက်ထားတဲ့အဆင့်ကိုပါ ရောက်လာခဲ့ပါပြီ။
ဥပမာ ဒီ Facebook Post ကိုကြည့်ပါ။

ကဗျာလိုလို ရင်ဖွင့်သံလိုလို ရေးထားပေမဲ့ သေချာကြည့်မယ်ဆိုရင် စာကြောင်းတိုင်းရဲ့ ပထမ စာလုံးတွေက Rickrolling စာသားတွေ ဖြစ်နေတာကို တွေ့ရမှာပါ။ အဟုတ်မှတ်လို့ ဖတ်မိသူတွေက Rickroll အလုပ်ခံလိုက်ရတာပေါ့။
(Link နှိပ်ရမှာ ပျင်းတဲ့လူတွေအတွက် screen shot ရိုက်ပြထားပါတယ်)

အင်တာနက်မှာ တွေ့တဲ့ ဥပမာ တချို့ကိုလည်း တင်ပေးထားပါတယ်။ တစ်ပုံချင်းစီကို caption မှာ ရှင်းပြထားပါတယ်။

Photo Credit to Internet. Rickroll အလုပ်ခံလိုက်ရကြောင်း အသိပေးထားတဲ့ ပုံပါ။ လိုသလိုသုံးနိုင်ပါတယ်။ တခါတလေ Rick ရဲ့ပုံချည်းပဲ စာနဲ့ တွဲတင်တတ်သလို တခါတလေမှာ ဘာပုံမှ မပါဘဲ စာချည်းတင်ပြီး troll တတ်ပါတယ်။ အချဉ်မိသွားတဲ့လူတွေကို ကွန်မန့်မှာပဲ ဒီလိုပုံမျိုးမန့်ပြီးတော့လည်း အသိပေးတတ်ပါတယ်။

Photo credit to Internet. Rickroll နည်းတစ်မျိုးနဲ့ troll ခံလိုက်ရတဲ့အကြောင်း ကောမစ်လုပ်ထားတာပါ။

Photo credit to the Internet.
ဒါကတော့ Rickroll တစ်မျိုးပါပဲ။ မေးခွန်းလေးကို ဖြေကြည့်ကြနော်။ ဘာအဖြေရလဲ။
Photo credit to Internet ပါ။ ဒါမျိုး Rickroll တွေက ပေါပါတယ်။ ဖွက်ထားတာလဲ မပါဘဲ ဒီအတိုင်း စနောက်တဲ့ သဘောပါပဲ။

Rickကြီးတယောက်ကတော့ rickrolling အပေါ် အပြစ်မမြင်တဲ့အပြင် အံ့သြဖို့ကောင်း ရီလည်းရီရတယ်ဆိုပဲ။ သူစိုးရိမ်တာတစ်ခုကတော့ သူ့ချစ်သမီးလေးခမမျာ ဖေဖေကြီးရဲ့rickrollingတွေကြောင့် ရှက်နေမှာတစ်ခုပါပဲတဲ့။ ဒါပေမဲ့ အခုနောက်ပိုင်းတော့Rickကြီးက rickrolling အပေါ် အရင်ကလောက် သိပ်ဂရုမစိုက်တော့ဘူး၊ စိတ်မဝင်စားတော့ဘူးလို့သူ့ record labelကပြောပါတယ်တဲ့။

Rickroll လုပ်တဲ့ MV Link က ဒီမှာပါ >>>
https://m.youtube.com/watch?v=dQw4w9WgXcQ

No comments :

Post a Comment