အင်တာနက်မီးမ် ဗဟုသုတအမျိုးမျိုး

Featured Post

Meme Guide For Beginners

Advice Animal meme အခြေခံ တန်းပလိတ်တွေရဲ့ အခြေခံအဆင့် အသုံးပြုပုံတွေကို ဒီ album မှာထည့်ပေးသွားပါမယ်။ မီးမ်ဆိုတာ ကျယ်ပြန့်တဲ့သဘော ရှိတဲ့...

Saturday, June 18, 2016

အင်တာနက်ရဲ့ အချစ်တော် Doge

No comments :

SUCH INTRO

Doge (ဒို့ဂ်ျ/ ဒေါ့ဂေး/ ဒေါ့ဂီ) ဆိုတာ Dog ကို တမင်ပြောင်းရေးထားတဲ့ internet စကားပါ။ Doge meme ကတော့ Shiba Inu အမျိုးအစား ခွေးလေးရဲ့ ပုံကနေ စပါတယ်။ Shiba Inu ကို အင်တာနက် ဗန်းစကားနဲ့ Shibe လို့ခေါ်ပါတယ်။ ဘယ် Shibe ပုံမဆို သုံးလို့ရပါတယ်။ ပုံရပြီဆိုရင် ပုံပေါ်မှာ comics sans font ရောင်စုံနဲ့ Dogeစကား ကိုသုံးပြီးတော့ သူ့ဘာသာ တစ်ကောင်တည်း စကားပြောနေတဲ့ ပုံစံမျိုး စာတမ်းထိုးပါမယ်။

Dogeစကား ဆိုတာ - “wow” ဆိုတဲ့စာလုံးက မပါမဖြစ်ပါ။ ပြီးတော့ “so”, “much”, “very” , “such” ဆိုတဲ့ ပုဒ်တွေပါတဲ့ စကားလုံးတွေကို broken English လုပ်ရေးရပါမယ်။ ပေါက်တတ်ကရ အစပ်အဆက်မရှိ ရေးဖို့ကိုလည်း အားပေးပါတယ်။

 ဒီလို စာတမ်းထိုးတဲ့ image macro ပုံစံမျိုးအပြင် photoshop သုံးပြီး doge ပုံကို တခြားနောက်ခံ အမျိုးမျိုးနဲ့ ပေါင်းစပ်ကာ ဉာဏ်ရှိသလို လုပ်လို့ရပါသေးတယ်။ အဲဒီလို photoshop တဲ့အခါမှာ dogeစကားကို ထည့်တဲ့အခါ ထည့်သလို၊ မထည့်လည်း ရပါတယ်။ Doge ကို image macro, comic, gif meme, video meme, photoshop meme … စိတ်ထဲရှိသလိုလုပ်နိုင်ပြီး doge မှာ အကန့်အသတ်မရှိပါဘူး။ အောက်မှာ ဥပမာအချို့ပြထားပါတယ်။

Photo credit to the original creator

created by Internet meme များအကြောင်း သိကောင်းစရာ

Photo credit to the original creator.
တစ်ခုတော့ ရှိတာပေါ့လေ doge meme တွေက အများအားဖြင့် အပြစ်ကင်းစင်တဲ့ meme တွေပါ။ အပြစ်ကင်းစင်တဲ့ ကလေးလေးလို ချစ်စရာကောင်းတဲ့ meme ဖြစ်ပါတယ်။

MUCH HISTORY

Doge ရဲ့မျက်နှာ ဖြစ်လာမယ့် Shiba Inu အမလေးရဲ့နာမည်က Kabosu ပါတဲ့။ Kabosu (ခါဘိုးစု) ရဲ့ ဘ၀က အစမှာ ခါးခဲ့ရှာပါတယ်။ ခါဘိုးစုက ခွေးတွေမွေးပြီးရောင်းစားတဲ့ စခန်းမှာ မွေးခဲ့တာပါ။ အဲဒီစခန်း ပိတ်သွားတဲ့အခါကျတော့ သူအပါဝင် ခွေးကလေး ၁၉ကောင်ဟာ စွန့်ပစ်ခံခဲ့ရပါတယ်။ အဲဒီကနေ သူတို့တွေ တိရိစ္ဆာန်ကယ်ဆယ်ရေး စခန်းတစ်ခုကို ရောက်သွားခဲ့ပြီးနောက် သူတို့ထဲက ခါဘိုးစုအပါအ၀င် တစ်ချို့ပဲ မွေးစားမယ့်သူ ပေါ်ခဲ့ပါတယ်။ ကျန်တဲ့ခွေးလေးတွေကတော့ မွေးစားသူမရှိတဲ့ ကယ်ဆယ်ရေးစခန်းခွေးတို့ ထုံးစံအတိုင်း ဖျောက်ဖျက်တဲ့ထဲ စိတ်မကောင်းဖွယ် ပါသွားကြပါတယ်။

ခါဘိုးစုဆိုတဲ့ နာမည်ကို ကယ်ဆယ်ရေးစခန်းက စေတနာ့ဝန်ထမ်းတွေက ပေးထားတာပါ။ ၂၀၀၈ ခုနှစ်မှာ မူကြိုဆရာမကြီး ဆာတိုတစ်ယောက် ခါဘိုးစုကို ကယ်ဆယ်ရေးစခန်းကနေ ခေါ်ပြီး မွေးစားလိုက်ပါတယ်။ “သူ့မျက်နှာက ခါဘိုးစု (ဂျပန်သံပုရာသီး) လိုပဲ ၀ိုင်းဝိုင်းကြီးမို့လို့ ခါဘိုးစုလို့ပဲ သူ့ကိုဆက်ခေါ်ဖြစ်တယ်” လို့ ဆာတိုစံက ပြောပါတယ်။

ဆာတိုဟာ ၂၀၀၉ ခုနှစ်မှာ ခွေးမွေးပြီးရောင်းစားတဲ့ (puppy mill) စခန်းတွေအကြောင်းနဲ့ အိမ်မွေးတိရိစ္ဆာန် ကယ်တင်မွေးစားခြင်းအကြောင်း အသိမြှင့်တင်ဖို့ရန် ရည်ရွယ်ချက်နဲ့ ဘလော့တစ်ခု စရေးခဲ့ပါတယ်။ အဲဒီဘလော့မှာ ခါဘိုးစုနဲ့အတူ အိမ်မှာရှိတဲ့ ကြောင်နှစ်ကောင်က ဇာတ်လိုက်တွေပေါ့။
၂၀၁၀ ခုနှစ် ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့မှာတော့ ဆာတိုစံဟာ သမိုင်းတွင်လောက်တဲ့ Doge ရယ်လို့ ဖြစ်လာမယ့် ဓါတ်ပုံကို ဘလော့မှာ တင်ခဲ့ပါတယ်။ ဒီ link မှာ ကြည့်ပါ။


VERY MEME

Dog ကို Doge လို့ရေးတာက ၂၀၀၅ ခုနှစ်လောက်ကတည်းက လို့ သိရပါတယ်။ Shibe Doge meme မှာပါတဲ့ ကာလာစုံ စာတမ်းထိုးနည်းကတော့ ၂၀၁၂ ခုနှစ်မှာ စဖွင့်ခဲ့တဲ့ tumblr blog ‘shibeconfessions’ ကနေ စခဲ့တာပါ။ ၂၀၁၃ လောက်အထိ Doge meme က လူစိတ်ဝင်စားမှုမှာ သာမန်လေးပဲ ရှိခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် ဇူလိုင်လလောက်ကနေ စပြီးတော့ Doge meme ဟာ တဟုန်ထိုး နာမည်ကြီးလာပြီး meme လောကရဲ့ သင်္ကေတရယ်လို့တောင် တင်စားကြပါတယ်။

၂၀၁၃ သြဂုတ်လထဲမှာ နာမည်ကြီး 4Chan က မန်ဘာတွေ Reddit ထဲသွားပြီး Doge ပုံတွေ spam လုပ်ကြပါတယ်။ Youtube မှာ ရှာရန်နေရာမှာ “Doge Meme” လို့ရိုက်လိုက်ရင် Youtube တစ်ခုလုံး Doge meme မှာ သုံးနေကျ ဖောင့်ဖြစ်တဲ့ comics sans font ပြောင်းသွားပါတယ်။ (စမ်းကြည့်လိုက်နော်) ၂၀၁၃ ခုနှစ်မှာ Doge meme ဟာ knowyourmeme ရဲ့ meme of the year အဖြစ်ကို ရောက်ရှိခဲ့ပြီး၊ အမေရိကန် အထက်လွှတ်တော်မှာတောင် Doge meme ကိုသုံးခဲ့ကြလို့ ပြောစမှတ် ဖြစ်ရပါသေးတယ်။
Gawker.com က Adrian Chen က ဒီလိုပြောပါတယ်။
 “အင်တာနက် ယဉ်ကျေးမှုဟာ ဘာလို့ သိပ်မိုက်တာလဲ ဆိုတာကို Doge meme က ပြနေပါတယ်။ Doge meme ဟာ ကျိုးကြောင်းဆီလျော်မှုမရှိဘူး၊ ရှင်းပြလို့လည်း မရဘူး၊ အဓိပ္ပါယ်လည်း မရှိဘူး၊ ဒါပေမဲ့ တစ်ချိန်တည်းမှာ မတရားရယ်ရတယ်၊ တအားလည်း စွဲတယ်။

တစ်ဖက်မှာလည်း ဘာသာဗေဒ ပညာရှင်တစ်ဦးက “အင်တာနက်ပေါ်က ယေဘူယျ trend တွေနဲ့ကွဲပြားတဲ့ အချက်က Doge ကိုသုံးပြီး ရှုပ်ထွေးနက်နဲတဲ့ ဒဿနိကအတွေးအခေါ်တွေကို တင်ပြနိုင်တယ်” လို့ပြောပါတယ်။ io9 blog က Ms. Newitz ကတော့ ဒီ meme ဟာ လှုပ်ရှားမှုထက် လေးနက်စွာ တွေးတောဆင်ခြင်မှု ကိုပြတဲ့ meme ဖြစ်တယ်လို့ ဆိုပါတယ်။

MANY SOCIAL

ခါဘိုးစုနဲ့ Doge meme တို့ရဲ့ social media account တွေပါ။

Instagram - https://www.instagram.com/marutaro/?hl=en
Twitter (English) - https://twitter.com/wowsodogewow
Twitter (Japanese) - https://twitter.com/kabosumama
Facebook fan page - https://www.facebook.com/WowSuchPage/
Facebook fan page - https://www.facebook.com/VeryDoge

Doge meme ကို Reddit မှာရှာမယ်ဆိုရင် အောက်ပါ subreddit တွေက အကြီးဆုံးပါပဲ။

https://www.reddit.com/r/SuperShibe
https://www.reddit.com/r/doge

SO REFERENCE

http://gawker.com/doge-is-an-actually-good-inter…/1460725042
http://www.theverge.com/…/…/5248762/doge-meme-rescue-dog-wow
http://barkpost.com/…/understand-the-doge-meme-in-7-easy-s…/
http://knowyourmeme.com/memes/doge
https://en.wikipedia.org/wiki/Doge_%28meme%29

No comments :

Post a Comment