အင်တာနက်မီးမ် ဗဟုသုတအမျိုးမျိုး

Featured Post

Meme Guide For Beginners

Advice Animal meme အခြေခံ တန်းပလိတ်တွေရဲ့ အခြေခံအဆင့် အသုံးပြုပုံတွေကို ဒီ album မှာထည့်ပေးသွားပါမယ်။ မီးမ်ဆိုတာ ကျယ်ပြန့်တဲ့သဘော ရှိတဲ့...

Saturday, June 18, 2016

Meme Generator App ကို ဘယ်လိုသုံးမယ်

No comments :

(Meme စလုပ်မယ့်သူတွေအတွက် အသုံးအတည့်ဆုံး Android App ဖြစ်တဲ့ MemeGenerator App အသုံးပြုပုံကို Gum-9 group မှ ကိုဝေဖြိုးက မေတ္တာဖြင့် ရှင်းပြထားတာ ဖြစ်ပါတယ်)

ရေးသူ - Wai Phyo

ယခုခေတ်စားနေတဲ့Internet memeတွေကို ပြုလုပ်ကြတဲ့အခါ အဓိကလိုအပ်တဲ့ ပုံတွေ(Template)တွေကို များသောအားဖြင့် ယခုပြထားတဲ့ memegenerator ကနေ ယူသုံးကြတာများပါတယ်။ ပုံ (၁) ကို ကြည့်ပါ။

 PlayStore ကနေ download ယူလို့ရပါတယ်။
ဘာလို့ ဒါပဲသုံးကြတာလဲလို့ မေးရင် ဒါလေးက အသုံးပြုပုံနမူနာပါတယ်၊ ဘယ်ဖုန်းမဆို အဆင်ပြေတယ်၊ ဒါကြောင့်ပါ။ ဘယ်လိုသုံးရမလဲ၊ ဘယ်လိုပုံစံမျိုးနဲဆို memeဖြစ်လဲဆိုတာ ပုံတွေနဲ့တစ်ကွ ရှင်းပြမှာဖြစ်ပါတယ်။

အရင်ဆုံး ကိုယ်လိုချင်တဲ့ တန်းပလိတ်ကို ပုံ (၂) နဲ့ (၃) မှာ ပြထားတဲ့အတိုင်း ရှာလိုက်ပါ။ တန်းပလိတ် နာမည်ကိုတော့ သိထားရမှာပါ။


အဓိကတော့ memeကိုရေးကြတဲ့အခါ Font ကိုပါရောင်စုံကာလာ အနီအဝါ စသဖြင့်မရေးကြဘဲ အဖြူကိုအနက်ကွပ်တဲ့ ပုံစံကိုသာသုံးကြပြီး၊ Englishလိုရေးတဲ့အခါ Impact font နဲ့သာအဆင်ပြေပါတယ်။ ပိုလည်းလှပါတယ်။ မြန်မာလိုရေးမယ်ဆိုရင်တော့ Native font နဲ့သာသုံးကြတာ အဆင်ပြေဆုံးပါ။ စာထပ်တာပူးတာမဖြစ်ပါဘူး။ Impact font ကမြန်မာလိုရေးရင် သိပ်အဆင်မပြေလို့ပါ။ Font ရွေးနည်းကို ပုံ (၄)၊ (၅) နဲ့ (၆) မှာ ပြထားပါတယ်။




စာများလို့ စာလုံးတွေ ပူးကပ်တယ်၊ ၀ါးတယ် ဖြစ်နေရင်တော့ Spaceခြားကာ လိုအပ်သလို သုံးနိုင်ပါတယ်။ စာကနှစ်ကြောင်းနဲ့ မလောက်လည်း ထပ်ခေါ်လို့ရပါသေးတယ်။ ပုံ (၇) မှာကြည့်ပေးပါ။
စာရွှေ့ချင်တယ်ဆိုလည်း ရပါသေးတယ်။ ပုံ (၈) မှာကြည့်ပေးပါ။
တခြား custom template တွေ၊ မိမိ Phone ထဲမှာ သိမ်းထားတဲ့ ပုံတွေပေါ်မှာ ရေးချင်လည်းရနိုင်ပါတယ် ပုံ (၉) မှာကြည့်ပါ။

generatorထဲက ပုံတွေများတယ် ရှာရတာ ခက်တယ်ဆိုရင် ကိုယ့်သုံးနေကျဟာတွေ အလွယ်တစ်ကူ ပြန်ရှာမယ်ဆိုရင် Favorite လုပ်ကာ အလွယ်တကူ ပြန်ရှာနိုင်ပါတယ်။ ပုံ (၁၀) ကို ကြည့်ပါ။

App ကို Updateလုပ်ပြီး Template အသစ်တွေလည်း ရနိုင်ပါတယ်။

MemeGenerator ဒေါင်းလုပ်ရန် playstore link
https://play.google.com/store/apps/details…

No comments :

Post a Comment