အင်တာနက်မီးမ် ဗဟုသုတအမျိုးမျိုး

Featured Post

Meme Guide For Beginners

Advice Animal meme အခြေခံ တန်းပလိတ်တွေရဲ့ အခြေခံအဆင့် အသုံးပြုပုံတွေကို ဒီ album မှာထည့်ပေးသွားပါမယ်။ မီးမ်ဆိုတာ ကျယ်ပြန့်တဲ့သဘော ရှိတဲ့...

Saturday, June 18, 2016

Meme မိတ်ဆက် - Tyrone Biggums

No comments :
ရေးသူ Min Khant Htae
တန်းပလိတ်အမည် - Tyrone Biggums/Y'all got any more of them
မီးမ်အမျိုးအစား - Image Macro, Advice Animal


သမိုင်းကြောင်း  

 အင်တာနက်ပေါ်မှာအသုံးများပေမဲ့ မြန်မာ မီးမ် groupတွေထဲမှာ တွေ့ရနည်းတဲ့ meme တစ်ခုပါ။ ဒီ တန်းကလိတ်ထဲက လူကတော့ နာမည်ကြီး Chappelle's show ဆိုတဲ့ TV Show ထဲကဇာတ်ကောင် Tyrone Biggums ပဲဖြစ်ပါတယ်။

ပထမဆုံး ဒီtemplateကို စတွေ့ဖူးတာကတော့၂၀၁ဝပြည့်နှစ်မှာ Meme generator ပေါ်မှာအဖွဲ့ဝင်တစ်ယောက်က "ဘိန်းစား"ဆိုတဲ့ ခေါင်းစဉ်နဲ့ post တင်ခဲ့တုန်းကပါပဲ။
၂၀၁၃နောက်ပိုင်းမှာ "Reddit" ဆိုတဲ့ ဖိုရမ်ပေါ်မှာ အဖွဲ့ဝင်တစ်ယောက်ကစပြီး wifi password အကြောင်း memeကို ဒီtemplateနဲ့လုပ်ပြီး တင်လိုက်ရာကနေ နာမည်ကြီးသွားတော့တာပါပဲ။ အဲ့လိုနဲ့ Redditer တွေရဲ့ကောင်းမှုကြောင့်ဒီTemplateဟာ နာမည်ကြီး template တစ်ခုဖြစ်လာခဲ့ပြီး internet meme တွေကိုဖော်ပြပေးတဲ့ 9Gag တို့ meme centerတို့လို website တွေပေါ်မှာပါ ရေပန်းစားလာခဲ့ကာ၊ meme ယဉ်ကျေးမှုကို နှစ်သက်ရူးသွပ်သူတွေအတွက် သုံးကောင်းတဲ့ template တစ်ခုဖြစ်လာခဲ့ပါတယ်။

သုံးပုံသုံးနည်း (usage)

မူရင်း (original) သုံးပုံသုံးနည်းကတော့"Y'all got any of them" ဆိုတဲ့ စာကြောင်းကို အရင်ရေးပြီးမှ၊ အနောက်ကတစ်ခုခုနဲ့ တွဲသုံးပေးရတာပါ။
ကျနော်မြန်မာလို ဆီလျော်အောင် တတ်နိုင်သမျှ ဘာသာပြန်ပေးထားပါတယ်။ ပုံမှန်အားဖြင့် တစ်ခုခုကိုလိုချင်တဲ့အခါ/သိချင်တဲ့အခါမျိုးတွေမှာ သုံးရပါတယ်။ နောက်ပြီးတော့ တစ်ယောက်ယောက် တစ်ခုခုကို ချဉ်ခြင်းတပ်နေတဲ့အခါတွေမှာလည်း သုံးလို့ရပါတယ်။
(ဥပမာ: ဆေးလိပ်၊အရက်)
Exampleလေးတွေကြည့်ရင်ပိုရှင်းသွားမှာပါ။ Template အလွတ် ကိုတော့meme generatorထဲမှာရှာကြည့်ကြပါ။

Examples




 

No comments :

Post a Comment