အင်တာနက်မီးမ် ဗဟုသုတအမျိုးမျိုး

Featured Post

Meme Guide For Beginners

Advice Animal meme အခြေခံ တန်းပလိတ်တွေရဲ့ အခြေခံအဆင့် အသုံးပြုပုံတွေကို ဒီ album မှာထည့်ပေးသွားပါမယ်။ မီးမ်ဆိုတာ ကျယ်ပြန့်တဲ့သဘော ရှိတဲ့...

Saturday, June 18, 2016

Meme မိတ်ဆက် - Inigo Montoya

No comments :
Template အမည် - Inigo Montoya
Meme အမျိုးအစား - Image Macro, Reaction meme, Phrasal meme, Advice Animal


ဒီမီးမ်ဟာ သမားရိုးကျ advice animal မဟုတ်ပါဘူး။ Reaction element, phrasal element တွေပါတဲ့အတွက် ဒီမှာရေးပြရုံနဲ့တင် ပြည့်စုံမှာ မဟုတ်ပေမဲ့ တတ်နိုင်သလောက် ရှည်ရှည်လျားလျား ရှင်းပြလိုက်ရပါတယ်။

နောက်ခံသမိုင်းကြောင်း

၁၉၈၇ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ အချစ်ဟာသရုပ်ရှင် "The Princess Bride" ဟာ ပရိတ်သတ်အားပေးမှု အလွန်ရခဲ့ပြီး၊ အကောင်းဆုံး ရုပ်ရှင်စာရင်း တော်တော်များများမှာလည်း ပါဝင်တဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။

ဒီရုပ်ရှင်ထဲက အဓိကဇာတ်ကောင် ဖြစ်တဲ့ Inigo Montoya က ပြောခဲ့တဲ့ စကားတချို့ဟာလည်း ပရိတ်သတ်တွေစိတ်ထဲ စွဲကျန်ခဲ့ပါတယ်။
အဲဒါတွေကတော့
"Hello, My name is Inigo Montoya"
"You killed my father, prepare to die"
ဆိုတဲ့ စကားတွေဟာ ရုပ်ရှင်ထဲမှာ အထွတ်အထိပ်ဇာတ်ကွက်ထဲ ပါတဲ့အတွက် fan တွေက ခဏခဏ လိုက်လိုက်ပြောရာကနေ meme သဘောမျိုး ဖြစ်လာတာပါ။ အခုတော့ အဲ့ဒီ meme တွေကို သိပ်မတွေ့ရတော့ပါဘူး။

"You keep using that word, I do not think it means what you think it means" ဆိုတဲ့ စကားကတော့ ဇာတ်ကွက်အရ ဟာသရသ အများကြီးပေးတာကြောင့် သဘောကျသူ များတယ်လို့ ယူဆပါတယ်။ ဒီစကားကို ပြောလိုက်တဲ့ ဇာတ်ဝင်ခန်းအပိုင်းလေးဟာ ၂၀၀၇ မှာ Youtube ပေါ်ရောက်လာပြီး၊ ၂၀၀၈ မှာ Reddit အသုံးပြုသူတွေက comment ထဲမှာ အဲဒီ video လေးကို ထည့်ထည့်မန့် ရာကနေ တဖြည်းဖြည်း meme အဖြစ်ကို ရောက်လာပါတယ်။ ဒီ meme က အပေါ်မှာပြောခဲ့တဲ့ စကားတွေထက်စာရင် အသုံးပိုတွင်ကျယ်တာကြောင့် ဒီ စကားလေးကိုပဲ ဆက်ရှင်းပြပါမယ်။

"You keep using that word, I do not think it means what you think it means" (မင်းလည်း အဲ့စကားလုံးကို တစ်ချိန်လုံးသုံးနေတာ၊ သူ့အဓိပ္ပာယ်က မင်းထင်သလို မဟုတ်ဘူး ထင်တယ်နော)
ဒီစကားကိုယ်တိုင်ကလည်း ဓါတ်ပုံမပါဘဲတောင် သူ့ဖာသာ meme ဖြစ်ပါတယ်။
ဒီစကားကို ပြောရတဲ့ အကြောင်းရင်းကတော့ ရုပ်ရှင်ထဲမှာ လူတစ်ယောက်က “inconceivable” (မယုံနိုင်လောက်အောင်ပါလား) ဆိုတဲ့ စာလုံးကို နေရာတကာ သုံးနေပါတယ်။ ဘာဖြစ်ဖြစ် inconceivable လို့ချည်း မှတ်ချက်ချနေတော့ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကြီး Montoya က “မင်းလည်း အဲ့စကားလုံးကို တစ်ချိန်လုံးသုံးနေတာ၊ သူ့အဓိပ္ပာယ်က မင်းထင်သလို မဟုတ်ဘူး ထင်တယ်နော” လို့ ပြန်ပြောလိုက်တာပါ။

အသုံးပြုပုံ

သူ့Usageကတော့ လူတစ်ယောက်က စာလုံးတစ်လုံး (သို့) စာပိုဒ်တစ်ပိုဒ်ကို မှားသုံးနေရင် လှောင်တဲ့သဘောပါပဲ။ ကိုယ်က ထည့်စရာလိုတာကတော့ မှားသုံးနေတဲ့ စကားလုံးသာဖြစ်ပြီး ကျန်တဲ့ဟာအကုန်လုံးကို သူ့formatအတိုင်း ထားပေးရမှာပါ။ ဥပမာ - “မင်းလည်း Troller လို့ တစ်ချိန်လုံးသုံးနေတယ်၊ သူ့အဓိပ္ပာယ်က မင်းထင်သလို မဟုတ်ဘူး ထင်တယ်နော်”
ဒါက Pharasal meme (စကားစု မီးမ်) တို့ရဲ့ သဘောတရားပါပဲ။ သူ့နဂို စကားအတိုင်း ထားပေးရပါတယ်။ ထွင်လို့ သိပ်မရပါဘူး။ သေသေသပ်သပ် မထွင်တတ်ရင် တလွဲဖြစ်တတ်ပါတယ်။

ဘာမှ မထည့်ဘဲ သူ့မူရင်းအတိုင်း အတိအကျ "You keep using that word, I do not think it means what you think it means" လို့ တန်းပလိတ်ပေါ်မှာ ရေးမယ်ဆိုရင်တော့ Reaction meme အဖြစ် ကွန်မန့်ထဲမှာ သုံးနိုင်ပါတယ်။

ဥပမာ ပိန်ပိန်ပါးပါး ကောင်မလေးက သူ ၀က်မဖြစ်နေပါပြီလို့ Facebook မှာ စတေးတပ်ရေးပြီး ပိန်ကပ်ကပ် ဓါတ်ပုံလေးနဲ့ တွဲတင်တယ် ဆိုပါတော့။ သူလိုချင်တာက “မ၀ပါဘူးဟယ်” “ပိန်ပါတယ်ဟယ်” “လှပါတယ်ကွယ်” ဆိုတဲ့ ကွန်မန့်တွေ လိုချင်လို့ ဒါကိုတင်တာမှန်း သင်ရိပ်မိမှာပေါ့။ ဒါဆိုရင် “၀က်မလို့သာ တစ်ချိန်လုံးပြောနေတာ… ၀က်မရဲ့အဓိပ္ပာယ်က မင်းထင်သလို မဟုတ်ဘူး ထင်တယ်နော်” လို့ တန်းပလိတ်ပေါ်မှာ စာထိုးပြီး ကွန်မန့်ပေးလိုက်ရင် MEME သမားတွေအမြင်မှာ အင်မတန် ကွက်တိကျပြီး ဟတ်ထိတဲ့ REACTION MEME တစ်ခုပေါ့။

ဒီ တန်းပလိတ်ကို သုံးကြည့်မယ့်သူတွေကို သတိပေးချင်ပါတယ်။ ဒါက သမားရိုးကျ advice animal meme မဟုတ်ပါဘူး။ Phrasal ဆန်တယ်၊ Reaction meme ဖက်လည်း ပိုရောက် နေပါတယ်။ ဒါကြောင့် တိုက်ဆိုင်မှုရှိမှ သုံးကြပါရန်။ တန်းပလိတ် သုံးတတ်ကြောင်း ပြရုံသက်သက်နဲ့ meme လုပ်တင်ရင် အခြေအနေ အချိန်အခါနဲ့ မတိုက်ဆိုင်တဲ့အခါ အပိုကြီးဖြစ်သွားတတ်ပြီးတော့ အချိန်အခါနဲ့ ကွက်တိဖြစ်နိုင်ရင်တော့ အလွန်တွယ်လို့ကောင်းတဲ့ meme ဖြစ်ပါကြောင်း။

ဥပမာများ



ရေးသူ Min Khant Htae and Shin Htwe

No comments :

Post a Comment