အင်တာနက်မီးမ် ဗဟုသုတအမျိုးမျိုး

Featured Post

Meme Guide For Beginners

Advice Animal meme အခြေခံ တန်းပလိတ်တွေရဲ့ အခြေခံအဆင့် အသုံးပြုပုံတွေကို ဒီ album မှာထည့်ပေးသွားပါမယ်။ မီးမ်ဆိုတာ ကျယ်ပြန့်တဲ့သဘော ရှိတဲ့...

Saturday, June 18, 2016

Vertical Comics အမျိုးအစား meme များ

No comments :
Meme group တွေမှာ အတွေ့ရများတဲ့ meme ပုံစံတစ်မျိုးဖြစ်တဲ့ vertical comics အကြောင်းကို ဗဟုသုတအဖြစ် ရှင်းပြပါမယ်။

Advice Animal မက်ခရိုတွေလိုမျိုး ပုံတစ်ပုံတည်းပေါ်မှာ စာရေးတာမဟုတ်ဘဲ ဓါတ်ပုံသုံးလေးပုံကို ဒေါင်လိုက် ဆက်ထားပြီး ဇာတ်ကောင်တွေ အပြန်အလှန် စကားပြောတဲ့ ပုံစံမျိုး ရေးထားတဲ့ meme မျိုးကို vertical comics လို့ခေါ်ပါတယ်။ ရုပ်ရှင်ဇာတ်ကွက်တွေကို screen shot ရိုက်ပြီး ဆက်ထားတဲ့ပုံတွေ များပါတယ်။

၁။ Advice animal တန်းပလိတ်တွေကို သုံးလေးခု ဆက်ထားတာမျိုးကိုတော့ vertical comic လို့မခေါ်ရပါဘူး။ အဲဒါမျိုးက ရိုးရိုး advice animal meme ပါပဲ။

၂။ တွေ့ကရာ ဗျောက်သောက် ပုံတွေ အပေါ်အောက်ဆင့်ပြီး ဆက်ထားတာကိုလည်း vertical comics လို့မခေါ်ရပါဘူး။

၃။ လက်နဲ့ဆွဲထားတဲ့ ပုံတွေက Comics တွေ ဖြစ်ပါတယ်။ Vertical comics ဆိုတာက ဓါတ်ပုံတွေ ဆက်ထားတာ ဖြစ်ပါတယ်။ ကာတွန်းကားထဲက ဇာတ်ဝင်ခန်းကို screen shot ရိုက်ပြီး ဆက်ထားတာ ဆိုရင်တော့ vertical comic မြောက်ပါတယ်။

Reddit ရဲ့အာဘော်

Vertical Comics ဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာကို Reddit ကနေ ရှင်းပြထားတာ တော်တော်ပြည့်စုံတဲ့အတွက် တိုက်ရိုက်ပဲ ဘာသာပြန်ပေးလိုက်ပါတယ်။
Vertical comics တွေရဲ့ ဇာတ်ကွက်တွေဟာ ရုပ်ရှင်၊ တီဗီအစီအစဉ်၊ ဗီဒီယိုများ၊ သို့မဟုတ် အခမ်းအနားအမျိုးမျိုးမှနေပြီး ရယူထားတာ ဖြစ်ပါတယ်။ ဘယ်လိုမျိုး လုပ်ရတာလဲဆိုတော့ ခုဏက ပြောထားတဲ့ နေရာတွေကနေ ပြကွက်/ ဇာတ်ဝင်ခန်း (scene) တစ်ခုကို ယူပြီးတော့ သူ့ရဲ့ အထာလေးကို ပြောင်းရတာပါ။ 

ဥပမာအဖြစ် Leo မျက်စေ့မှေးသွားတဲ့ Inception vertical comic ကို ကြည့်ရအောင်။ ရုပ်ရှင်ထဲမှာ တကယ့် အလေးအနက် အတည်အခံ့ ဇာတ်ဝင်ခန်းမဟုတ်လား။ အဲ့အခန်းကို vertical comic အနေနဲ့ကျတော့ ဟာသတွေချည်း ရေးကြတယ်လေ။ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ရဲ့ မျက်နှာအမူအရာတွေကို အချိန်ကိုက်ဖမ်းပြီး screen shot ရိုက်ယူလိုက်ရင် အဲဒီ မျက်နှာအမူအရာပေါ်မှာ မူတည်ပြီး နဂိုမူရင်း ဇာတ်ဝင်ခန်းရဲ့ mood ကို ပြောင်းပစ်လိုက်လို့ရပါတယ်။ ဒီလိုပြောင်းပစ်ရာမှာ “ဟာသရသ” က အဓိကသော့ချက် ဖြစ်ရပါမယ်။ ဇာတ်ဝင်ခန်းတစ်ခုကို ဒီအတိုင်း ပုံရိုက်ယူထားပြီး သူ့နဂိုအတိုင်း ရှိပြီးသားကို လိုက်တုပတာမျိုး မလုပ်ပါနဲ့။ မတူကွဲပြားတဲ့ အခြေအနေတစ်ခုအထိ ဖြစ်သွားအောင် ဖန်တီးပါ။

ဇာတ်ကွက်ဖွဲ့ပုံ (layout) ကတော့ ပုံသုံးလေးပုံကို ဒေါင်လိုက်ဆက်ထားတာ ဖြစ်ရပါမယ်။ Vertical comic လုပ်ဖို့ ကောမစ်အကွက်တွေ ယူဖို့ အကောင်းဆုံးနည်းလမ်းကတော့ screen shot တွေရိုက်ပြီးမှ photo edit လုပ်တဲ့ app တွေ၊ software တွေသုံးပြီး ဆက်ယူတာ အကောင်းဆုံးပါပဲ။
တစ်ကွက်စီတိုင်းမှာ ဇာတ်ကောင်တွေရဲ့ စိတ်ခံစားချက်ကို သရုပ်ပါရမယ်၊ ပြောနေတဲ့ စကားနဲ့ မျက်နှာအမူအယာနဲ့လည်း ကိုက်ရမယ်ပေါ့။ အကွက်တွေကို ဆက်လိုက်ရင် အစဉ်လိုက် အဆက်အစပ်လည်း ရှိရပါမယ်။ ပုံချည်းပဲကို အဓိပ္ပာယ် ရှိရပါမယ်။ အကွက်တစ်ကွက်မှာ ဇာတ်ကောင် တစ်ယောက်ပဲ စကားပြောနေသင့်ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်လေ နောက်ဆုံးအကွက်မှာ ဘာစကားမှ မပြောဘဲ ရှေ့အကွက်မှာ ပြောလိုက်တဲ့ စကားကို တုန့်ပြန်တဲ့ အမူအယာကိုပဲ ပြတဲ့ reaction frame အဖြစ်လည်း ထည့်လို့ရပါတယ်။
(Reaction frame ကို နောက်ဆုံးမှ မဟုတ်ပါဘူး ကြားထဲမှာ ထည့်လည်းရပါတယ်။)

Vertical Comic ဖြစ်ဖို့အတွက် အရေးအကြီးဆုံးအချက်ကတော့ အဖန်ဖန်ပြန်သုံးနိုင်ဖို့ပါပဲ။ Meme template တွေလိုမျိုး ထပ်ပြန်တလဲလဲ ပြန်သုံးလို့ အဆင်ပြေတဲ့ ပုံစံဖြစ်ရပါမယ်။ Vertical Comic ကောင်းကောင်းတစ်ခု ဖြစ်ပြီဆိုရင် ဘယ်လောက်တောင် ကျယ်ကျယ်ပြန့်ပြန့် ပြန်သုံးလို့ရနိုင်လဲ ဆိုတာကို ဒီ link မှာ သွားကြည့်နိုင်ပါတယ်။
အကယ်၍ ကိုယ်ပြောမယ့်ဟာသက reaction frame မပါလည်း ဖြစ်တာမို့ သိပ်မလိုအပ်ဘူး ထင်ရင်လည်း reaction frame ကို မထည့်ဘဲ ဖြုတ်ထားလို့ရပါတယ်။


Vertical comics မှာ ပါဝင်ရမယ့် အကြောင်းအရာတွေကတော့ - အကွက်တစ်ကွက်တိုင်းမှာ ဇာတ်ကောင်တစ်ကောင်က ပြောတဲ့စကား ပါရပါမယ်။ (Reaction frame ဆိုရင် စကားပြောဖို့ မလိုပါ) ဒီလို စကားပြော ထည့်တဲ့အခါမှာ နဂိုမူရင်း ဇာတ်ဝင်ခန်းက စကားတွေနဲ့ ခပ်ဆင်ဆင်တူတာတွေ မဖြစ်စေရပါ။ မူရင်း ဇာတ်ဝင်ခန်းမှာ ပြောခဲ့တဲ့ စကားတွေအစား တခြား ဟာသမြောက်တဲ့ စကားတွေကို ပြောရမှာ ဖြစ်ပါတယ်။ စကားတွေကို စာတမ်းထိုးရာမှာ ပုံထဲက ဇာတ်ကောင်ရဲ့ မျက်နှာအမူအရာနဲ့ ကိုက်ညီရမှာ ဖြစ်ပါတယ်။


အဲဒါကတော့ Vertical Comics အကြောင်း ကို Reddit က အသေးစိတ် ရှင်းပြထားတာ ဖြစ်ပါတယ်။
နာမည်ကြီးတဲ့ vertical comic တန်းပလိတ်အလွတ် တချို့တွေကိုလည်း တစ်ခါတည်း တွဲတင်ပေးလိုက်ပါတယ်။ မျက်နှာနဲ့လိုက်ရင်ပြီးရော ကြိုက်သလိုသုံးနိုင်တာမို့ ဥပမာတွေတော့ လုပ်မပြတော့ဘူးနော်။







Ref:
https://www.reddit.com/…/ive_had_this_lovely_description_p…/
http://imgur.com/a/uznrj#0

No comments :

Post a Comment