အင်တာနက်မီးမ် ဗဟုသုတအမျိုးမျိုး

Featured Post

Meme Guide For Beginners

Advice Animal meme အခြေခံ တန်းပလိတ်တွေရဲ့ အခြေခံအဆင့် အသုံးပြုပုံတွေကို ဒီ album မှာထည့်ပေးသွားပါမယ်။ မီးမ်ဆိုတာ ကျယ်ပြန့်တဲ့သဘော ရှိတဲ့...

Saturday, June 18, 2016

Meme တွေ ခုမှစလေ့လာမယ် ဆိုရင်...

No comments :
Photo credit to the internet. We did not created nor own this meme.

မီးမ်အဖွဲ့တွေ အများကြီးရှိသလို meme edu page တွေလည်း အများကြီး ရှိပါတယ်။ ရှိပြီးသား မီးမ်တန်းပလိတ် သုံးပုံသုံးနည်းတွေသင်ပေးတာ၊ အဖွဲ့သားတွေ မသိဖူးသေးတဲ့ တန်းပလိတ်တွေကို မိတ်ဆက်ပေးတာမျိုးတွေ လုပ်ကြပါတယ်။ ဒီလို edu လုပ်ပေးတာက ကောင်းကျိုးအလွန်များသလို ဆိုးကျိုးလည်း ရှိပါတယ်။

မီးမ်တစ်ခုချင်းစီတိုင်းမှာ သူ့ကိုယ်ပိုင် စရိုက်လက္ခဏာ ရှိပါတယ်။ လူဆိုရင် ကိုယ်ရည်ကိုယ်သွေးပေါ့။ အင်္ဂလိပ်လို soul လို့ တင်စားပြီး ခေါ်ချင်ပါတယ်။ လူတစ်ယောက်အကြောင်းကို စာအုပ်မှာ ဖတ်ရတာထက် ပေါင်းသင်းကြည့်မှ သူ့စရိုက်သူ့အတွေးတွေကို တကယ်သိရတာပါ။ ဒီလိုပဲ မီးမ်တစ်ခုကို တကယ်သိကျွမ်းဖို့ဆိုရင် edu ဖတ်ရုံတင် မကဘဲ သူနဲ့ရင်းနှီးအောင် လုပ်ရပါမယ်။ ဒါမှ အဲဒီမီးမ်ကို ကိုယ်တိုင်ဖန်တီးတဲ့အခါ သူ့ရဲ့ soul ကို ကောင်းကောင်းဖမ်းဆုပ်နိုင်မှာ ဖြစ်ပြီး မီးမ်အသိုင်းအဝိုင်းက အမှန်တကယ်လက်ခံအားပေးတဲ့ မီးမ်ကောင်းကောင်းတစ်ခု ထွက်လာမှာပါ။

အိုင်ဒီယာ ဘယ်လောက်ကောင်းကောင်း ... သုံးပုံသုံးနည်းလည်း မှန်စေဦးတော့ ... သုံးထားတဲ့ တန်းပလိတ်ရဲ့ soul နဲ့ ကွက်တိမကျရင် အဲဒီမီးမ်က ဖွယ်တယ်တယ်ကြီး ဖြစ်နေတတ်ပါတယ်။
ကိုယ်မရင်းနှီးသေးတဲ့ မီးမ်တစ်ခုကို လေ့လာမယ်ဆိုရင် အောက်ပါအချက်တွေကို ရှာဖွေပါ။

၁ - တန်းပလိတ်နာမည်နဲ့ စပေါ်ပေါက်လာတဲ့ ကာလ
၂ - ဘယ်အခြေအနေ အကြောင်းကိစ္စနဲ့ စတင်ဖြစ်တည် လာတာလဲ။ နောက်ခံဇာတ်ကြာင်း အသေးစိတ်က ဘာလဲ
၃ - ဘယ်သူတွေဆီ စပြီး ကူးစက်ပျံ့နှံ့သွားတာလဲ
၎ - ပျံ့သွားတဲ့အခါ ဘယ်လိုတွေ လိုက်လုပ်ကြတာလဲ
၅ - ဒီတန်းပလိတ်ကို သုံးထားတဲ့ နာမည်အကြီးဆုံး မီးမ်တွေကို ဖတ်ကြည့်မယ်
၆ - အသုံးပြုပုံက တစ်သမတ်တည်းလား။ ဆင့်ပွားပြောင်းလဲတာတွေ ရှိသေးလား၊ ရှိသေးရင် ဘယ်လိုပုံစံတွေလဲ

ဒီအချက်တွေကို သိပြီဆိုရင် တော်တော်လေး နားလည်လာပြီပေါ့။ ဒါပေမဲ့ ကိုယ်လေ့လာနေတဲ့ မီးမ်နဲ့ ဒီ့ထက်ရင်းနှီးဖို့ လိုပါသေးတယ်။ အဲဒါကတော့ ကိုယ်တိုင်ဘယ်လိုလုပ်မယ်ဆိုတာကို ခဏမတွေးသေးဘဲ၊ ကမ္ဘာအနှံ့က မီးမ်သမားတွေ လုပ်ထားတာကို ပေါ့ပေါ့ပါးပါး လိုက်ကြည့်ရင်း အဲဒီမီးမ်ကို ကောင်းကောင်း အရသာခံဖို့ပါ။ ဒီအချက်ကမှ တန်းပလိတ်ရဲ့ soul ကို ဖမ်းဆုပ်နိုင်မယ့် အရေးအကြီးဆုံး အချက်ပါ။ အပေါ်က အချက်တွေ အကုန်မသိရင်တောင် ဒီတစ်ချက်နဲ့တင် တန်းပလိတ်ကို အရင်းနှီးဆုံး ဖြစ်သွားမှာ ဖြစ်ပါတယ်။

ဒီအချက်တွေအတိုင်း လေ့လာထားမယ်ဆိုရင် အဲဒီမီးမ်နဲံ ပတ်သက်လို့ ဘယ်တော့မှ WT/WU ဖြစ်မှာမဟုတ်တော့ပါဘူး။
အားလုံး epic meme သမားတွေ ဖြစ်ကြပါစေ။

No comments :

Post a Comment