အင်တာနက်မီးမ် ဗဟုသုတအမျိုးမျိုး

Featured Post

Meme Guide For Beginners

Advice Animal meme အခြေခံ တန်းပလိတ်တွေရဲ့ အခြေခံအဆင့် အသုံးပြုပုံတွေကို ဒီ album မှာထည့်ပေးသွားပါမယ်။ မီးမ်ဆိုတာ ကျယ်ပြန့်တဲ့သဘော ရှိတဲ့...

Saturday, June 18, 2016

ချစ်စရာကောင်းတဲ့ MoonMoon meme

1 comment :

ကိုယ့်သူငယ်ချင်းအဖွဲ့ထဲမှာ၊ အမျိုးတွေထဲမှာ၊ ပျော်ပျော်နေတတ်ပြီး တလွဲတွေလုပ်တဲ့ တစ်ယောက်တော့ ပါမြဲမဟုတ်လား။ ကျပ်မပြည့်တာတော့ မဟုတ်ဘူး၊ တခါတလေ ပေါတောတောနဲ့ လူရှေ့သူရှေ့ကျ ကို့ယိုကားယား လုပ်တတ်လို့ အဖွဲ့ထဲကလူတွေမှာ ခေါင်းကိုပဲခါရင်း ပြုံးနေလိုက်ရတဲ့ အချိန်လေးတွေရှိမယ်၊ တခါတလေလဲ တစ်ခုခု စုပေါင်းလုပ်ကြမယ်ဆိုရင် သူပါလာတဲ့အခါ ပွဲပျက်တော့မှာ သေချာသလောက်ရှိလို့ "ဟာကွာ ဒီကောင့်ကို ဘယ်သူခေါ်လာပြန်တာတုန်း" လို့ တိတ်တခိုး ညည်းရတဲ့ အခါလည်း ရှိမယ်။ ဒါပေမဲ့ ဘာဖြစ်ဖြစ် အားလုံးက ချစ်တဲ့ သူငယ်ချင်းတစ်ယောက်ပေါ့။ 

အဲဒါ Moon moon ပါပဲ။ MoonMoon ကတော့ ဝံပုလွေလေးပေါ့။ သူတို့က အုပ်စုလိုက် လှုပ်ရှားလေ့ ရှိတယ်လေ။ ဝံပုလွေအုပ်ထဲမှာ အဲလိုငပေါလေး ပါလာပြီး ကျန်တဲ့သူတွေ ငိုရအခက် ရယ်ရအခက် ဖြစ်ရတာကို ဟာသလုပ်တဲ့အခါမှာ MoonMoon ဆိုတဲ့ ဇာတ်ကောင်လေး ဖြစ်လာပါတယ်။
၂၀၁၃ ခုနှစ် ဇွန်လလောက်မှာ tumblr မှာ အမည်ပေး ကစားနည်းလေးတစ်ခု တက်လာခဲ့ပါတယ်။ အောက်ပါအတိုင်း ဖြစ်ပါတယ်။


 "what is your werewolf name?" လို့ခေါင်းစဉ်ပေးထားပြီးတော့ မိမိရဲ့ နာမည်စာလုံးအစနဲ့ ပေးထားတဲ့ အဖြေနဲ့ တိုက်ပြီး မိမိရဲ့ သမန်းဝံပုလွေ နာမည်ကို ရှာရတာပါ။

ဒီအခါမှာ post တင်တဲ့လူရဲ့ သမန်းဝံပုလွေနာမည်က ကြောက်စရာ ခန့်စရာကြီး မဖြစ်ဘဲ တိုက်တိုက်ဆိုင်ဆိုင် Moon Moon လို့ ထွက်လာပါတယ်။ သဟိန်းသဟဲနဲ့ ကြမ်းရမယ့် နေရာမှာ နွဲ့သလိုလို ခရု(cute) သလိုလို ဖြစ်သွားတာပါ။

အဲဒါနဲ့ "ငါ့နာမည်က စောင် moon moon တဲ့ကွာ။ ဒီနာမည်နဲ့တော့ အုပ်စုထဲမှာ အပိန်းဆုံး ဝံပုလွေ ဖြစ်မှာပဲ။ ဟာ ဒီစောင်မွန်းမွန်းကို ဘယ်ကောင်ခေါ်လာတာလဲ ဆိုတဲ့ အသံမျိုးတွေ ထွက်လာတော့မယ်" ဆိုတဲ့သဘောမျိုး ကွန်မန့်မှာ ညည်းညူခဲ့ရာက "ဒီစောင်မွန်းမွန်းကို ဘယ်ကောင်ခေါ်လာတာလဲ" ဆိုတဲ့ စကားတစ်ရပ် တွင်သွားသလို မွန်းမွန်းဇာတ်ကောင်လည်း ပေါ်ပေါက်လာပါတယ်။

ဒီမှာ ထင်ရှားတဲ့ဥပမာ နှစ်ခုကို ပြထားပါတယ်။ ပထမတစ်ခုကိုတော့ စာကို ဘာသာပြန်ပေးထားပါတယ်။

Original Photo credit to owner. We do not own nor created this meme.

Original Photo credit to owner. We do not own nor created this meme.
မွန်းမွန်းက tumblr ပေါက် ဝံပုလွေအဖြစ်ကနေ meme site တွေဆီ ပျံ့သွားပြီး Reddit မှာလည်း /r/Moonmoon ဖိုရမ် ရှိပါတယ်။ ကို့ယို့ကားယား ဟက်စကီခွေးပုံတွေ၊ ဝံပုလွေပုံတွေနဲ့ ကောမစ်ဆန်ဆန် meme လုပ်ကြပါတယ်။ Doge meme လိုမျိုး monologue စာတန်းထိုးတာ ရှိသလို၊ advice animal လိုမျိုးအထက်အောက် စာလုံးဖြူနဲ့ ရေးတာလည်း ရှိပါတယ်။ ပုံကတော့ သင့်တော်တဲ့ပုံကို ကိုယ့်ဘာသာ ရှာရတာပါ။ အဓိကက မွန်းမွန်းဇာတ်ကောင်က meme ဖြစ်တာပါ။

Meme တွေဟာ ပေါ်လာချိန်ကစပြီး အခုထိ ခိုင်ခိုင်မာမာ ရှိနေဆဲတွေ အများကြီးရှိသလို၊ လပိုင်းနှစ်ပိုင်းအကြာမှာ ပျောက်ပြယ်သွားတာတွေလည်း ရှိပါတယ်။ ချစ်စရာကောင်းတဲ့ MoonMoon ကလည်း ၂၀၁၅ အလည်လောက်မှာ popularity ကျသွားပြီး အသစ်တွေ သိပ်မတွေ့ရတော့ပါဘူး။
ဒါပေမဲ့ တစ်ချိန်က လူတိုင်းသိခဲ့တဲ့ မွန်းမွန်းကို မီးမ်သမားတိုင်း သိနေသေးသလို အခွင့်ကြုံရင် တစ်ယောက်စနှစ်ယောက်စ တင်နေတာကိုတော့ တွေ့ရပါဦးမယ်။

Tumblr မှာ moon moon blog တွေ အများကြီးရှိတဲ့ထဲက အခုထိ moon moon ကိုပဲသီးသန့်ဆွေးနွေးဆဲ blog နှစ်ခုကို link ပေးထားပါတယ်။

Http://MoonMoon-official.tumblr.com
Http://fyeahmoonmoon.tumblr.com

1 comment :

  1. မုန်းချင်စရာကောင်းထှာ

    ReplyDelete