အင်တာနက်မီးမ် ဗဟုသုတအမျိုးမျိုး

Featured Post

Meme Guide For Beginners

Advice Animal meme အခြေခံ တန်းပလိတ်တွေရဲ့ အခြေခံအဆင့် အသုံးပြုပုံတွေကို ဒီ album မှာထည့်ပေးသွားပါမယ်။ မီးမ်ဆိုတာ ကျယ်ပြန့်တဲ့သဘော ရှိတဲ့...

Saturday, June 18, 2016

Meme မိတ်ဆက် - Wrong Lyrics Christina

No comments :

Template အမည် - Wrong Lyrics Christina
Meme အမျိုးအစား - Advice animal, Image macro

နာမည်ကြီးလူကြိုက်များတဲ့ သီချင်းစာသားတွေကို နားကြားလွဲပြီး ဆိုမိတော့ ဟာသတွေ ဖြစ်ကုန်တာကို ရေးပြတဲ့ မီးမ်ကတော့ Wrog Lyrics Christina ဖြစ်ပါတယ်။ တန်းပလိတ်ကတော့ Christina Aguilera သီချင်းအော်ဆိုနေတဲ့ပုံကို ပန်းရောင် အရောင်စက်ဝိုင်းပေါ်မှာ တင်ထားတဲ့ပုံ ဖြစ်ပါတယ်။

သမိုင်းကြောင်း

ကမ္ဘာကျော် အဆိုတော် Christina Aguilera တစ်ယောက် ၂၀၁၁ခုနှစ် ဖေဖော်ဝါရီလမှာ ကျင်းပတဲ့ Super Bowl ပွဲမှာ အမေရိကန် နိုင်ငံတော်သီချင်းကို ဆိုခွင့်ရခဲ့ပါတယ်။ တစ်နိုင်ငံလုံးက အရူးအမူး စောင့်ကြည့်ကြတဲ့ အဲဒီပွဲမှာ နိုင်ငံတော်သီချင်းရဲ့ စာသားအချို့ကို မှားပြီးဝါးချမိခဲ့တာပါ။ ရုတ်တရက် နားထောင်လိုက်ရင် ဟုတ်သလိုလို ရှိပေမဲ့ တကယ်တမ်းကျတော့ စာသားတွေက မှားနေတာပါ။

“O’er the ramparts we watched, were so gallantly streaming.” လို့ ဆိုရမယ့် နေရာမှာ
what so proudly we watched at the twilight’s last reaming” လို့ ၀ါးချမိခဲ့တာပါ။
အဲဒီနောက် ဖေဖော်ဝါရီ လကုန်လောက်မှာ Reddit မှာ ဒီ meme စဖြစ်လာတာပါပဲ။ သူ့ကို လိုက်နောက်ကြရင်းနဲ့ meme ဖြစ်လာတာ ဆိုပါတော့။

အသုံးပြုပုံ

Meme ဖြစ်လာတဲ့ အခါကျတော့ တန်းပလိတ်က Christina ပုံနဲ့မို့လို့ Christina ရဲ့သီချင်းတွေကို အကြားမှားတာကိုပဲ meme လုပ်ရတာ မဟုတ်ပါဘူး။ နာမည်ကြီးလူကြိုက်များတဲ့ ခေတ်အဆက်ဆက်က အဆိုတော် အဆက်ဆက်ရဲ့ သီချင်းတွေနဲ့ meme လုပ်ကြတာပါ။

သီချင်းစာသားတွေထဲက တစ်ချို့စာလုံးတွေနဲ့ အသံခပ်ဆင်ဆင် တူတာတွေကို မှားကြားမိလို့ အမှားအတိုင်း လိုက်ဆိုမိတဲ့အခါမှာ ဘာအဓိပ္ပာယ်မှ မရှိဘဲ ဖြစ်တတ်သလို ဟာသဆန်ပြီး ခွက်ထိုးခွက်လှန် ရယ်ရလောက်အောင် ဖြစ်သွားတာမျိုးလည်း ရှိတတ်ပါတယ်။
အဲလိုမှားပြီး ရယ်စရာဖြစ်သွားတဲ့တဲ့ စာသားကို တန်းပလိတ်ပေါ်မှာ Advice Animal ပုံစံအတိုင်း စာသားအဖြူနဲ့ အပေါ်တစ်ကြောင်း အောက်တစ်ကြောင်း ရေးလိုက်ယုံပါပဲ။

လွဲတတ်တဲ့ အလွဲလေးတွေ

မြန်မာ မီးမ်လောကမှာတော့ meme ပေါ်မှာရေးထားတဲ့ သီချင်းစာသားရဲ့ မူရင်းအဆိုတော်ပုံကို photoshop နဲ့ ကပ်ပြီး ပြင်သုံးကြပါတယ်။ ဒါက တကယ်တော့ မလိုအပ်ပါဘူး။ အဲဒီအဆိုတော်တွေက နိုင်ငံတော်သီချင်းကို ဝါးချခဲ့ကြတာလည်း မဟုတ်ဘူးလေ။ ဘယ်သူ့စာသားဖြစ်ဖြစ် မူရင်း တန်းပလိတ်နဲ့ပဲ လုပ်လို့ရပါတယ်။ ကိုယ့်ဟာသက ကောင်းတယ်ဆိုရင် အဆိုတော်ပုံကို ပြစရာမလိုဘဲ လူတိုင်းနားလည်ပါလိမ့်မယ်။

ရှိပြီးသား wrong lyrics layphyu တို့ wrong lyrics zawpaing တို့ စတဲ့ပြင်ထားပြီးသား တန်းပလိတ်တွေကို မသုံးနဲ့တော့လို့ ပြောချင်တာ မဟုတ်ပါ။ ကိုယ်သဘောကျသလို ဆက်သုံးနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီတန်းပလိတ်တွေ ကိုယ့်ဆီမှာ အဆင်သင့် ရှိမနေရင်လည်း စိတ်ပူစရာမလိုဘူး။ ဒီအတိုင်း မူရင်းအတိုင်းပဲ သုံးလိုက်တာကလည်း မှန်ပါတယ်လို့သာ ဆိုလိုချင်တာပါ။

နောက်တစ်ခုသတိပေးချင်တာက - အကြားမှားပြီး ဟာသဖြစ်သွားတာကို meme လုပ်ရတာပါ။ မူရင်းသီချင်းရဲ့ သံစဉ်နဲ့ ကိုက်ရင်ပြီးရော ရေးချင်တာရေးရတာ မဟုတ်ပါဘူး။ ရေးချင်တာ ရေးလိုက်ရင် အတင်းလုပ်ယူထားသလို ဖြစ်ပြီးတော့ meme ပျက်တတ်ပါတယ်။ ချွင်းချက်ကတော့ နေရာတကာရှိတာမို့လို့ အဲလိုလုပ်တာကို မှားတယ်လို့တော့ ဒီ pageအနေနဲ့ လှေနံဓါးထစ် မပြောလိုပါဘူး။ ဖြစ်နိုင်ရင်တော့ အတင်းလုပ်မယူကြဖို့ တိုက်တွန်းချင်ပါတယ်။

 စကားမစပ်၊ နိုင်ငံတကာက meme လောကသားတွေ လုပ်ထားတဲ့ တကယ်ကောင်းတဲ့ wrong lyrics meme တွေကိုတော့ အရင် လိုက်ဖတ်ပြီး အရသာခံပြီးမှ ကိုယ်တိုင်လုပ်ကြဖို့ကို ထပ်လောင်းတိုက်တွန်းလိုက်ပါတယ်။ 

Internet မှာတွေ့မိတဲ့ ကောင်းတဲ့မီးမ်တချို့နဲ့အတူ မိမိလုပ်ထားတဲ့ ဥပမာလေးကို တွဲတင်ပေးထားပါတယ်။
created by Internet memeများအကြောင်း သိကောင်းစရာ
 
photo credit to the internet. We do not own nor created this meme.

photo credit to the internet. We do not own nor created this meme.

photo credit to the internet. We do not own nor created this meme.

No comments :

Post a Comment