အင်တာနက်မီးမ် ဗဟုသုတအမျိုးမျိုး

Featured Post

Meme Guide For Beginners

Advice Animal meme အခြေခံ တန်းပလိတ်တွေရဲ့ အခြေခံအဆင့် အသုံးပြုပုံတွေကို ဒီ album မှာထည့်ပေးသွားပါမယ်။ မီးမ်ဆိုတာ ကျယ်ပြန့်တဲ့သဘော ရှိတဲ့...

Saturday, June 18, 2016

NSFW ဆိုသည်မှာ...

No comments :

NSFW = Not Safe For Work ဆိုတာ လူသူကြားထဲမှာ၊ ကျောင်းမှာ၊ ရုံးမှာ ကြည့်လို့မတင့်တယ်တဲ့ post တွေကို ခေါ်တာပါ။ 


 9Gag, imgur, Reddit, 4Chan စတဲ့ ဆိုဒ်တွေမှာ NSFW ကို သီးသန့်တကဏ္ဍ ခွဲထားလို့ ဖြစ်ဖြစ်၊ NSFW ဖြစ်ကြောင်း warning ပေးပြီးမှ တင်လို့ဖြစ်ဖြစ်၊ မကြည့်သင့်တဲ့သူတွေ မကြည့်ချင်တဲ့သူတွေ မတော်တဆ မကြည့်မိအောင် လုပ်ထားကြပါတယ်။

အသက်မပြည့်သေးတဲ့ ကလေးတွေ ကြည့်ဖို့မသင့်တော်တဲ့ ဖော်ချွတ်ပုံတွေ၊ ပေါ်ကျွတ်ပုံတွေ၊ ခါးအောက်ပိုင်းဟာသတွေ၊ လိင်ကိစ္စနဲ့ပတ်သက်တဲ့ လူကြီးဟာသတွေကို NSFW ထဲထည့်ကြပါတယ်။
သွေးထွက်သံယိုတွေ၊ လူသေကောင်၊ ပုံပျက်ပန်းပျက် တိရိစ္ဆာန်သေကောင်တွေ၊ ရက်စက်ကြမ်းကြုတ်တဲ့ ပုံတွေ၊ အယုတ္တ အနတ္တတွေကိုလည်း NSFW လို့ ကြိုတင်သတိပေးပြီးမှ တင်ကြပါတယ်။

ဘယ်လောက်ထိပြင်းထန်ရင် NSFW လို့ခေါ်သင့်လဲ ဆိုတာက တိကျတဲ့ guideline တွေ မရှိပေမဲ့ post တင်တဲ့လူက ကိုယ့်အသိစိတ်ဓါတ်နဲ့ ကိုယ့်ဘာသာ NSFW ဖြစ်တယ်လို့ ယူဆတဲ့အရာတွေကို ဒီလိုကြိုတင်သတိပေးပြီး တင်တတ်သလို၊ forum တွေမှာဆိုရင် moderator တွေကနေ သတ်မှတ်ထိန်းကျောင်းပေး ကြပါတယ်။

Uncensored ဆိုတဲ့ (ဆင်ဆာမရှိတဲ့) နေရာတွေမှာတော့ NSFW ပိုစ့်တွေကို ဘယ်လိုမှ ရှောင်လို့ရမှာ မဟုတ်ပေမယ့်၊ ပိုစ့်တင်တဲ့သူတွေက ယဉ်ကျေးသောအားဖြင့် warning လေးပေးပြီးမှ တင်ကြရင်တော့ သိပ်ကောင်းမှာ ဖြစ်ကြောင်း။

No comments :

Post a Comment