အင်တာနက်မီးမ် ဗဟုသုတအမျိုးမျိုး

Featured Post

Meme Guide For Beginners

Advice Animal meme အခြေခံ တန်းပလိတ်တွေရဲ့ အခြေခံအဆင့် အသုံးပြုပုံတွေကို ဒီ album မှာထည့်ပေးသွားပါမယ်။ မီးမ်ဆိုတာ ကျယ်ပြန့်တဲ့သဘော ရှိတဲ့...

Tuesday, July 26, 2016

သောအခါ ဆိုတာ meme လားနှင့် Reaction Image အမျိုးအစား meme များ

1 comment :

မှတ်ချက်။ ။ ဒီ post မှာ Reaction image/ reaction meme/ MFW/ MRW/ Black twitter meme / relatable post meme အမျိုးအစားများကို တစ်ပေါင်းတည်း လေ့လာနိုင်ပါတယ်။


စကားဦးသန်းခြင်း....

Meme အမျိုးအစား ခွဲခြားသတ်မှတ်ခြင်း၊ meme ဟုတ်မဟုတ် သတ်မှတ်ခြင်းကို ကမ္ဘာမှာ ဦးဆောင်သူကတော့ knowyourmeme.com ဖြစ်ပါတယ်။ ဒီ MemeKnowledge page မှာ ရေးတဲ့အရာတွေကို အဲဒီ website နဲ့ တိုက်ဆိုင်စစ်ဆေးပြီး ရေးတတ်ပါတယ်။
သို့သော် အဲဒီ website ကနေ meme လို့မသတ်မှတ်ရသေးသော်လည်း ကိုယ်ကျင်လည်ရာ အသိုင်းအဝိုင်းထဲမှာ trend ဖြစ်နေတဲ့အရာတွေကိုလည်း ဒီအသိုင်းအဝိုင်းအတွက် meme အဖြစ် သတ်မှတ်လိုက်တာလည်း ရှိပါတယ်။ ဒါကြောင့် knowyourmeme တစ်ခုတည်းကို အားမကိုးဘဲ Reddit, 4Chan, tumblr စတဲ့ meme ပေါက်ဖွားရာ forum/blog/website တွေကိုလဘ်း မွှေနှောက်ပြီးမှ ရေးပါတယ်။

အဲဒီလို ကိုယ့်အသိုင်းအဝိုင်းထဲမှာ meme အဖြစ်သတ်မှတ်လိုက်တဲ့ inside joke တွေရှိနေလို့လည်း မြန်မာ့ meme template တွေ အများကြီး ထွက်ခဲ့တာပေါ့။ ဥပမာ Burmese-kalar-problems, misunderstood-wirathu တို့လို လေးနက်ပြီး ပညာသားပါတဲ့ တန်းပလိတ်တွေကနေ အခုခေတ်စားနေတဲ့ ခင်လှိုင်တန်းပလိတ်တို့ ခိုင်သင်းကြည် တန်းပလိတ်တို့လို ပေါ့ပေါ့ပါးပါးဟာသ မီးမ်တွေအထိပေါ့။ ဓါတ်ပုံ တန်းပလိတ်မဟုတ်ဘဲ စာချည်းပဲသက်သက် "စောင်ကုလားဝက်သားစားကွာား" "cow b like so mad" စတဲ့ phrasal meme တွေလည်း ရှိတာပဲလေ။

Reaction Images

"သောအခါ" ဆိုတာ တစ်ခုခုဖြစ်သောအခါ/မြင်သောအခါ/ကြားသောအခါ စသည့် "သောအခါ" တွေမှာ မိမိရဲ့ တုန့်ပြန်ပုံ (reaction) ကို တင်ပြတဲ့ ပိုစ့်မျိုး ဖြစ်ပါတယ်။
သောအခါ meme အကြောင်းကိုရေးဖို့ Knowyourmeme.com မှာ ရှာဖွေတဲ့အခါ "reaction image" ခေါ် တုံ့ပြန်မှုကိုပြသောပုံရိပ်များ ဆိုတဲ့ခေါင်းစဉ်ကို အရင်တွေ့ရပါတယ်။
Reaction image ဆိုတာ ကျနော်တို့ ဖိုတိုကွန်မန့်လို့ ခေါ်ကြတဲ့ ဓါတ်ပုံတွေပါပဲ။ အများအားဖြင့် ကွန်မန့်ထဲမှာ တွေ့ရပါတယ်။ ဥပမာ ပိုစ့်ပိုင်ရှင် (OP) ရေးထားတဲ့ အကြောင်းအရာက ရွံစရာကြဆိုရင် ရွံသွားတဲ့ မျက်နှာပုံကို ကွန်မန့်မှာ မန့်လိုက်တာပေါ့။

ဒါနဲ့ဆက်စပ်ပြီး reaction gif တွေလည်း ရှိပါတယ်။

Reaction image တွေ စတင်တာကတော့ 4Chan နဲ့ Reddit လို forum တွေပါ။ Reaction image တွေထဲကမှ ခဏခဏ သုံးလို့ကောင်းပြီး ဟာသမြောက်တဲ့ ပုံတွေက အသုံးများတဲ့အခါ meme တွေဖြစ်လာပါတယ်။ ဥပမာ - "Ain't nobody got time for dat", "side-eye Chloe", "Are you a Wizard" စသည်။

နာမည်သိပ်ကြီးတဲ့ Spongegar ဆိုရင်လည်း reaction image ကစတာပါပဲ။

Rage comics ထဲက Rage face တွေဆိုရင် 4Chan ရဲ့ ဂန္ထဝင် reaction image တွေကနေ စတာပေါ့။
--> Knowyourmeme ထဲမှာ Reaction image (ခေါ်) သောအခါ ဖိုတိုကွန်မန့် ဆိုတာ ရှိပေမဲ့
--> reaction meme (ခေါ်) သောအခါ meme ဆိုတာ မရှိပါဘူး။
--> ဒါကြောင့် knowyourmeme ရဲ့ သတ်မှတ်ချက် အရ ကိုယ်ကြိုက်ရာပုံနဲ့ တင်တဲ့ "သောအခါ" ဟာ meme မဟုတ်ဘူးလို့ ကောက်ချက်ဆွဲရမှာ ဖြစ်ပြီး၊
--> သောအခါနဲ့ meme လုပ်ချင်ရင် meme ဖြစ်ပြီးသား reaction image တွေကို သုံးရင်တော့ ဘောင်ဝင်မယ်လို့ ယူဆရပါတယ်
--> ကိုယ့်မြန်မာ အသိုင်းအဝိုင်းထဲမှာ trend ဖြစ်ပြီးသား/ ဖြစ်ဖူးသော ပုံနဲ့ သောအခါ meme လုပ်မယ်ဆိုရင်လည်း meme ဖြစ်တယ်လို့ သတ်မှတ်ပေးသင့်တယ်လို့ ယူဆကြောင်းပါ။
(ဥပမာ ဝီဝီ့ပုံတွေက တော်တော်လေး အသုံးဝင်ပါတယ်)

ဒါက Knowyourmeme တစ်ခုတည်းကို အခြေခံပြီး ပြောတာမို့လို့ ကျနော်တို့ မြန်မာ့မီးမ်အသိုင်းအဝိုင်းမှာ အငြင်းပွားနေတဲ့ "သောအခါဟာ memeလား" ဆိုတဲ့ မေးခွန်းကို ဒါတစ်ခုတည်းနဲ့ ဖြေရင် မပြည့်စုံဘူးလို့ ယူဆပါတယ်။

ကမ္ဘာအင်တာနက် မီးမ်လောကမှာလည်း ဒီလို တွေ့ရာပုံနဲ့ သောအခါမီးမ်တွေ တင်နေကြတာ တွေ့နေရတာပဲလေ။ ဥပမာ Blacktwitter meme တွေ, imgur နဲ့ Reddit မှာတွေ့ရတဲ့ MRW ဆိုတဲ့ meme မဟုတ်ဘဲ ကိုယ်ကြိုက်တဲ့ပုံနဲ့ တင်တဲ့ သောအခါပုံတွေ၊ "When" နဲ့ စတဲ့ relatable post တွေ၊ ClassicalArtMeme Facebook page မှာ တွေ့ရတတ်တဲ့ သောအခါတွေ... စသဖြင့် အထောက်အထားတွေ သိပ်များပါတယ်။

Knowyourmeme ကိုချည်း အားကိုးမယ်ဆိုရင်တော့ ဒီမှာတင် စာရင်းပိတ်ပြီပေါ့။ ဒါပေမဲ့ ကိုယ့်အသိုင်းအဝိုင်းနဲ့ကိုယ် ဘယ်ဟာကို meme အဖြစ် လက်ခံမယ်ဆိုတာ ကိုယ့်ဘာသာ သတ်မှတ်မယ် ဆိုရင်တော့ တခြားအသိုင်းအဝိုင်းတွေကိုပါ သုံးသပ်ကြည့်ရအောင်။

My Face When (MFW)

My Face When / MFW ဆိုတဲ့ စကားစုဟာ Knowyourmemeရဲ့ သတ်မှတ်ချက်အရ meme ဖြစ်ပါတယ်။
My face when ကို မြန်မာလို ဆီလျော်အောင် ရေးရင် (....သောအခါ ဖြစ်သွားသော ကျွန်ုပ်၏ မျက်နှာ..) လို့ ရေးပါမယ်။

MFW ဆိုတာ 4Chan ရဲ့ ဖန်တီးမှု ဖြစ်ပါတယ်။ MFW နဲ့တွဲပြီး reaction face (မျက်နှာပုံ) တွေ တင်တတ်ပါတယ်။ 4Chan ရဲ့ထုံးစံအတိုင်း တမူထူးခြားတဲ့ ပုံတွေဖြစ်ပါတယ်။
4Chan ကနေ လူသုံးများလာပြီး tumblr တို့ဘာတို့ဆီရောက်ရာကနေ သိပ်ပေါ်ပြူလာ ဖြစ်တဲ့အတွက် Myfacewhen,com ဆိုတဲ့ MFW နဲ့ တွဲသုံးရမယ့် reaction image တွေ စုထားပေးတဲ့ website တစ်ခု ပေါ်လာခဲ့ပါတယ်။

(အခုတော့ myfacewhenဒေါ့com က ကျနေပါတယ်။ဘာဖြစ်သွားတာလဲ မသိပါ)
အဲဒီကနေ ပိုပြီး လူသိများတဲ့အခါမှာ ၂၀၁၁ ခုနှစ်မှာ Reddit က myfacewhen ကိုသီးသန့် ဖိုရမ်ထောင်ခဲ့ပါတယ်။ အခုနေ အဲ့ဒီ sub Reddit ကို သွားကြည့်မယ်ဆိုရင် my face when နဲ့ တွဲပြီး အသုံးပြုတဲ့ reaction image တွေကတော့ -

-meme ဖြစ်ပြီးသား reaction image တွေ

-ခွေး/ကြောင် နဲ့ တခြား အင်တာနက် meme လောကမှာ အသုံးများတဲ့ တိရိစ္ဆာန်တို့ရဲ့ ထူးခြားတဲ့ မျက်နှာအမူအရာတွေ

-လူကြည့်များတဲ့ ရုပ်ရှင်တွေနဲ့ ရုပ်သံဇာတ်လမ်းတွဲ ထဲက screen shot တွေ၊

-နာမည်ကြီးတဲ့ ကာတွန်းကားထဲက screen shot တွေ၊

-နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင် သို့မဟုတ် တခြား public figure တွေ

-နိုင်ငံရေးသမားတွေ

စတဲ့ပုံတွေနဲ့ တွဲသုံးတာကို တွေ့ရပါတယ်။

My Reaction When (MRW)

MRW ဟာ Knowyourmeme မှာ စာရင်းမရှိပါ။

သို့သော် Reddit မှာ MRW subreddit, reaction pics ဆိုတဲ့ MRW ပိုစ့်တွေတင်တဲ့ subredditများ ရှိခြင်းကြောင့် MRW ကို ထည့်သွင်းစဉ်းစားပါမယ်။

MRW ဆိုတာ (....သောအခါ ကျွန်ုပ်၏ တုန့်ပြန်ပုံ) လို့ ဘာသာပြန်ပါမယ်။ ဒါက မြန်မာလိုဆိုရင် ထောက်နေပါတယ်။ ဒါပေမဲ့ MRW အောက်မှာပဲ "My reaction" မပါဘဲ "when" (သောအခါ) နဲ့ပဲ စပြီးရေးတဲ့ ပိုစ့်တွေ လက်ခံတာ တွေ့ရတာကြောင့် ကျနော်တို့ အငြင်းပွားနေတဲ့ သောအခါ ကို MRW နဲ့ အတူတူပဲလို့ ခွဲခြား သတ်မှတ်လိုက်ရပါတယ်။

Reddit မှာ တွေ့ရတဲ့ MRW တွေကတော့ အပေါ်မှာ ပြောခဲ့တဲ့ MFW မှာ သုံးနေကျ ပုံအမျိုးအစားတွေအပြင် ကိုယ်ကြိုက်ရာ ဓါတ်ပုံ၊ ဗီဒီယို၊ gif များနဲ့ တွဲတင်တာ တွေ့ရပါတယ်။
တစ်ခု သတိထားမိတာက Reddit က reaction pics ဆိုတဲ့ MRW လက်ခံတဲ့ subreddit မှာ "Meme မတင်ရ" ဆိုတဲ့ စည်းကမ်း ချမှတ်ထားတာကို တွေ့ရပါတယ်။

ဒါကြောင့် တွေ့ရာပုံနဲ့ တင်တဲ့ သောအခါကို meme မဟုတ်သေးဘူးလို့ သတ်မှတ်ချင်ပါတယ်။ Reddit မှာ MFW မှာ တင်တတ်တဲ့ အပေါ်မှာ ရှင်းပြပြီးသား ပုံအမျိုးအစားတွေနဲ့ "သောအခါ" နဲ့ တွဲတင်ရင်တော့ meme အဖြစ် လက်ခံသင့်တယ်၊ ကိုယ့် မြန်မာအသိုင်းအဝိုင်းမှာ Trend ဖြစ်ပြီးသား reaction image တွေကိုလည်း သောအခါနဲ့ တွဲရင်meme အဖြစ် လက်ခံသင့်ကြောင်းအကြံပြုချင်ပါတယ်။
နောင်တစ်ချိန်မှာ MRW တွေ meme ဖြစ်လာပြီ ဆိုရင်တော့ တစ်မျိုးပြောင်းစဉ်းစားကြတာပေါ့။

Relatable posts

Knowyourmeme မှာ Relatable post ကို စာကြောင်းလေး သုံးကြောင်းလောက်နဲ့ မထင်မရှား ရှင်းပြထားပါတယ်။

Relatable post ဆိုတာ "When you.." နဲ့ စပါတယ်။ Twitter နဲ့ Facebook လို လူမှုကွန်ယက်တွေမှာပျံ့နှံ့သော meme များဖြစ်ပါတယ်။ ပုံစံက Blackpeopletwitter နဲ့ အရမ်းဆင်တူပါတယိ။ Relatable (နားလည်နိုင်သော/ ရင်ဘတ်ချင်းထပ်တူကျသော) အကြောင်းအရာများ တင်ပြတဲ့ meme ဖြစ်ပါတယ်။ တင်ပြတဲ့ အကြောင်းအရာနဲ့ ကိုက်ညီမယ့် ပုံကို တွဲတင်ကြပါတယ်လို့ ရေးထားပါတယ်။

(ကိုယ့်ပရိတ်သတ်ထဲက လူတိုင်းနီးပါး တစ်ချိန်မဟုတ် တစ်ချိန်မှာ ကြုံဖူးတဲ့ အဖြစ်နဲ့ခံစားချက်မျိုးကို တင်ပြရပါတယ်။ ကိုယ့်ပုဂ္ဂလိက သီးသန့်အဖြစ်မျိုးဆိုရင် မီးမ်မဖြစ်ပါ။ )

Knowyourmeme မှာပြထားတဲ့ ဥပမာတွေအရ ကျနော့်အမြင်ကို ပြောရရင် Relatable post ဆိုတာ black twitter meme တွေကို ပြောတာပဲလို့ မြင်ပါတယ်။ Black twitter လို့ ရေးလိုက်ရင် လူမျိုးရေး ခွဲခြားသလို ဖြစ်မှာ စိုးလို့်များ မရေးကြတာလားလို့ တွေးမိပါတယ်။

Reddit ရဲ့ Black people twitter

Black people Twitter ဆိုတာ Reddit forum တစ်ခုရဲ့ နာမည်ပါ။ Twitter, Instagram, Facebook လို လူမှုကွန်ယက်ပေါ်မှာ အမေရိကန် လူမည်းတွေ တင်တဲ့ ပိုစ့်တွေထဲကမှ လူမည်းစရိုက် လူမည်းဓလေ့ အရမ်းထင်ရှားတဲ့အပြင် မတရားရယ်ရတဲ့ ပိုစ့်တွေကို screen shot နဲ့ ပြန်တင်တဲ့ forum ဖြစ်ပါတယ်။ ဒီ forum က အခု အရမ်းအောင်မြင်နေပါတယ်။ Spongegar ထွက်လာတာ ဒီ forum ကနေ ထွက်လာတာပါ။

Reddit/ Black People Twitter မှာ အများဆုံးတွေ့ရတာကတော့ အပေါ်က Relatable posts ဆိုတဲ့ meme ပုံစံမျိုးတွေပါ။ ဓါတ်ပုံထဲမှာ လူပုံပါဝင်ရင် လူမည်းပုံပဲ ဖြစ်ရပါတယ်။ နို့မို့ရင်တော့ ကာတွန်းကားကို screen shot ပြီး ထည့်ကြပါတယ်။

Reddit /Black people Twitter မှာ ကိုယ်တိုင်ဖန်တီးမှုကို လက်မခံပါဘူး။ တကယ့်လူမည်းတွေ တကယ်တင်တဲ့ လူမည်းယဉ်ကျေးမှု အစစ်ပါတဲ့ screen shot မှ လက်ခံပါတယ်။
ဒါပေမဲ့ meme သမားဆိုတာက ကိုယ့်ဘာသာ ဖန်တီးချင်တဲ့ လူတွေလည်း ဖြစ်တာကြောင့် Black people Twitter မှာ မတင်ရပေမဲ့ အပြင်မှာ လူမှုကွန်ရက်တွေပေါ်မှာ ဒီလို ပုံစံတူ "သောအခါ" တွေကို ဖန်တီးတင်ပြလာကြရာကနေ Knowyourmeme မှာ ရှင်းပြထားတဲ့ relatable post ဆ်ုတဲ့ meme အမျိုးအစား ဖြစ်လာတယ်လို့ သုံးသပ်မိပါတယ်။

ဒါတွေကို ခြုံကြည့်လိုက်တော့ black people Twitter (တခါတလေ ကျနော်က အပျင်းထူပြီး black twitter လို့ရေးတတ်သည်) ဆိုတဲ့ သောအခါ meme က Knowyourmeme မှာ မရှိပါ။ သို့သော် Reddit နဲ့ အင်တာနက် လူမှုကွန်ယက်တွေမှာ အသုံးများသောကြာင့် လည်းကောင်း၊ Relatable posts ဆိုတဲ့ လူမည်းပုံတွေနဲ့ လုပ်ရတဲ့ meme လည်း ရှိသောကြောင့် လည်းကောင်း၊

--> လူမည်းစရိုက်ပါကိုပါရပြီး relatable လည်း ဖြစ်ကိုဖြစ်ရမယ့် သောအခါ meme တစ်မျိုးလည်း ရှိတဲ့အကြောင်း တင်ပြလိုက်ရပါတယ်။

1 comment :

  1. thanks. i'll read it again 2morrow coz i like it. thanks sir.

    ReplyDelete