အင်တာနက်မီးမ် ဗဟုသုတအမျိုးမျိုး

Featured Post

Meme Guide For Beginners

Advice Animal meme အခြေခံ တန်းပလိတ်တွေရဲ့ အခြေခံအဆင့် အသုံးပြုပုံတွေကို ဒီ album မှာထည့်ပေးသွားပါမယ်။ မီးမ်ဆိုတာ ကျယ်ပြန့်တဲ့သဘော ရှိတဲ့...

Wednesday, July 13, 2016

Pepe The Frog အပိုင်း (၂)

No comments :

Rare Pepe ဖြစ်စဉ်


Pepe တစ်ယောက် Normie တွေရဲ့လက်ထဲကို ကျရောက်သွားတဲ့အခါမှာ 4Channer တွေရဲ့ တုန့်ပြန်မှုများထဲက တစ်ခုကတော့ ရှားပါးပေးပေး ဖြစ်စဉ်ပါပဲ။ 4Chan ကလူတွေဟာ သူတို့တန်ဖိုးထားတဲ့ Pepe ကို ပေါပေါပဲပဲ သုံးနေကြတာကို မြင်ရတဲ့အခါမှာ အရမ်းစိတ်ဆိုးကြပါတယ်။ အဲဒါကြောင့် Poo Poo Pee Pee ဆိုတဲ့ ရွံစရာကောင်းတဲ့ Pepe တစ်မျိုး ထွက်လာတဲ့အကြောင်း အပိုင်း (၁) မှာ ပြောခဲ့ပြီးပါပြီ။ Rare Pepe က Poo Poo Pee Pee နဲ့ တစ်ချိန်တည်းလိုလို ဖြစ်လာတာပါ။

အဆိုကျော် Niki Minaj နဲ့ Katy Perry တို့က Pepe ပုံကိုသုံးပြီး ပေါပေါပဲပဲ meme လုပ်တင်လိုက်ကြတဲ့ နောက်ပိုင်းမှာ Pepe က အရမ်းလူသိများသွားတာပါ။ အဲဒီအခါမှာ Pepe ရဲ့ ပုံတွေကို ရှာဖွေသူတွေ သိပ်များလာပါတယ်။ တစ်နေ့မှာ /r9k/ ကလူတစ်ယောက်က သူ့မှာ ရှားပါးတဲ့Pepe ပုံပေါင်း ၁၂၀၀ ကျော် ပါဝင်တဲ့ folder တစ်ခုရှိကြောင်း၊ /r9k/ အနေနဲ့ တစ်နာရီတစ်ခါ ရှားပါးပေးပေး ပုံတွေကို တင်ရမှာ ဖြစ်ကြောင်း၊ မတင်ခဲ့သည်ရှိသော် အဆိုပါ folder ကို အင်တာနက်မှာ ဖြန့်ပစ်မှာဖြစ်ကြောင်း၊ အဲဒီလို အလကား ဖြန့်ပစ်တဲ့အခါ Pepe ရဲ့ တန်ဖိုးဟာ ကုန်းကောက်စရာမရှိအောင် ကျဆင်းသွားမှာ ဖြစ်ကြောင်း ခြိမ်းခြောက်စာ တင်ခဲ့ပါတယ်။ (ဟာသပေါ့နော်) အဲဒီကနေ ရှားပါးပေးပေး (rare pepe) ဆိုတဲ့ ဖြစ်စဉ် စတင်ခဲ့ပါတယ်။

ဒီဖြစ်စဉ်ကို ကိုယ်တိုင်ကြုံတွေ့ပြီး ပါဝင်ခဲ့တဲ့ /r9k/ မန်ဘာတစ်ယောက်က ဒီလိုရှင်းပြထားပါတယ်။

၁။ Normie တွေက(စူပါစတားမကလို့ ဘာဖြစ်ဖြစ် normie က normie ပါပဲ) Pepe ကို  ခိုးယူပြီး ဖျက်စီးတဲ့အတွက် 4Chan မှာ သိပ်စိတ်ဆိုးကြပါတယ်။

၂။ Pepe အဆင့်များ ခွဲခြားသတ်မှတ်ခြင်း စတင်ခဲ့ပါတယ်။ Normie အဆင့်၊ သာမန်အဆင့်၊ ထူးခြားအဆင်းနဲ့ ရှားပါးအဆင့်တို့ ဖြစ်ပါတယ်။

၃။ ရှားပါးအဆင့် Pepe ခေါင်းစဉ်နဲ့ post များတင်ခဲ့ကြပြီး တင်ပြလာတဲ့ ရှားပါးပေးပေးပုံများကို ဖလှယ်ခြင်း၊ ဖန်တီးခြင်း၊ ရာဖြတ်ခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီအခါမှာ တန်ဖိုးဖြတ်တဲ့အခါ အမေရိကန်ဒေါ်လာ၊ ဗြိတိသျှပေါင်နဲ့ ဇင်ဘာဘွေဒေါ်လာများ သုံးစွဲခဲ့ကြပါတယ်။ (တကယ်ပိုက်ဆံသုံးတာ မဟုတ်ပါ၊ ဒီငွေကြေးတွေနဲ့ တန်ဖိုးဖြတ်ကြတာပါ)

၎။ ဟာသအနေနဲ့ တကယ့်ပိုက်ဆံ တစ်ဒေါ်လာ နှစ်ဒေါ်လာလောက် တကယ်သုံးပြီး Paypal လို နေရာတွေကနေ Pepe ကုန်ကူးခဲ့ကြပါတယ်။

၅။ Pepe ကို ရေစာထည့်တာ စလုပ်လာကြပါတယ်။ (ဒီအကြောင်းကို knowyourmeme မှာရှင်းပြထားပါတယ်။ Knowyourmeme က rare pepe ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရှိပါတယ်)

၆။ PIS စနစ် စတင်ပေါ်ပေါက်လာပါတယ်။ (ဒါက ပေးပေးကို တန်ဖိုးသတ်မှတ်ရာမှာ သုံးတဲ့ စနစ်ပါ။ တွက်ချက်နည်း ဖော်မြူလာတွေဘာတွေ ရှိပါတယ်)

၇။ ဒီအချိန်မှာ ဒီ "ရှားပါးပေးပေး" မီးမ်က တဖြည်းဖြည်း ပေါလာတာကြောင့် စိတ်မကြည်တော့တဲ့လူတွေ များလာပါပြီ။ ဒါနဲ့ ပေးပေးဓါးပြတွေ ပေါ်လာပြီး ရှားပါးပေးပေး ပုံတွေကို ခိုးယူပြီး တန်ဖိုးချပစ်ကြပါတယ်။

၈။ အဲဒီကနေ ပေးပေးဓါးပြတွေဟာ ရှားပါးပေးပေးပုံတွေ အများကြီး စုမိလာကြပြီး အလွန်ရှားတဲ့ ပေးပေးပုံကို တင်ရင်တင်ကြ၊ မတင်ရင် စုထားတာတွေကို folderလိုက် ဖြန့်ပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်ခြင်းမျိုး စတင်လာပါတယ်။

၉။ Pep-e-oh card များ စတင်ပေါ်ပေါက်လာပါတယ်။ (Pokemon card လိုပုံစံမျိုး)

၁၀။ ရှားပါးပေးပေးများ eBay မှာ စတင်ရောင်းချကြပါတယ်။ (ထင်ရှားတဲ့ အဖြစ်တစ်ခုကတော့ ပေးပေးပုံ ၁၂၀၀ ကျော်ပါတဲ့ folder ဟာ eBay မှာ ဒေါ်လာတစ်သိန်းနီးပါး လေလံဈေး ရခဲ့ပါတယ်)

အဲဒီလိုနဲ့ 4Chan ဆီကို ကိုယ့်အားကိုယ်ကိုးပြီး သွားစရာမလိုဘဲ စာဖတ်လိုက်ရုံနဲ့ ဒီအကြောင်းတွေ အကုန်သိအောင် ရှင်းပြတတ်တဲ့ admin တို့လို လူတွေကြောင့် ဒီအကြောင်းတွေ အားလုံးကို Normie တွေ သိကုန်ပြီး၊ 4Channer များ အလွန်စိတ်ဆိုးကြကြောင်းပါ။

No comments :

Post a Comment