အင်တာနက်မီးမ် ဗဟုသုတအမျိုးမျိုး

Featured Post

Meme Guide For Beginners

Advice Animal meme အခြေခံ တန်းပလိတ်တွေရဲ့ အခြေခံအဆင့် အသုံးပြုပုံတွေကို ဒီ album မှာထည့်ပေးသွားပါမယ်။ မီးမ်ဆိုတာ ကျယ်ပြန့်တဲ့သဘော ရှိတဲ့...

Friday, July 8, 2016

Normie ဆိုသည်မှာ...

No comments :



Normie ဆိုတာ သာမန်လူလို့ အရှင်းဆုံး အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပါတယ်။ သာမန်လူတွေကို နာမ်နှိမ်ပြီးခေါ်တဲ့ စကားလုံးဖြစ်ပါတယ်။ အများနဲ့မတူ တမူထူးခြားပြီး တွေးခေါ်ပြောဆို နေထိုင်ကျင့်ကြံသူတွေကို Hipsters လို့ ခေါ်တတ်သလို၊ Hipster ရဲ့ ဆန့်ကျင်ဖက်ကတော့ အများနည်းတူ ၀င်ဆန့်အောင် နေထိုင်ကျင့်ကြံ တွေးခေါ်တဲ့ လူတွေကတော့ Normie များ ဖြစ်ပါတယ်။

Definitions by Urban Dictionary

Normie ဆိုတာ အများကြိုက် လူမှုကွန်ယက်တွေကို သုံးတတ်ပြီး၊ အများကြိုက် အတွေးအခေါ်တွေ ရှိတတ်သူတွေ ဖြစ်ပါတယ်။ ကိုယ့်ဘာသာ ကိုယ်ပိုင်အတွေးအခေါ် မတွေးကြပါဘူး။ ပတ်ဝန်းကျင်က လက်ခံနိုင်တဲ့ အရာဆိုရင် လိုက်လုပ်တတ်ကြပါတယ်။ တကယ်လို့ တစ်စုံတစ်ခုကို လုပ်ရင်၊ တွေးရင်၊ ပြောရင် အဲလို လုပ်တွေးပြောတဲ့အတွက် ယုတ်မာတဲ့သူ ဖြစ်သွားမယ် ဆိုရင်တောင်မှ ဒီအပြုအမူ၊ အတွေးအခေါ်၊ စကားတွေဟာ ပတ်ဝန်းကျင်က စံအဖြစ် လက်ခံထားတဲ့ အရာတွေသာ ဖြစ်ပါစေ Normie တွေက ဘာမှမတွေးဘဲ မဆိုင်းမတွ လိုက်လုပ်မှာ၊ တွေးမှာ၊ ပြောမှာပါ။

Normie ဆိုတာ စာဖတ်သူ နေ့စဉ်သွားလာလှုပ်ရှားနေစဉ် ကြုံရတဲ့ အရေးမပါတဲ့ လူတွေပါပဲ။ သူတို့ဟာ သူတို့ကိုယ်ကို အများနဲ့ မတူ ထူးခြားတယ်၊ ကွဲပြားတယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ တကယ်တော့ အများစုနဲ့ ဘာမှမကွာပါဘူး။ ကိုယ်ပိုင်အတွေးအခေါ် ကိုယ်ပိုင်အိုင်ဒီယာ မရှိကြပါ။ 

Urban Dictionary ထဲက Normie ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်များထဲက ထိပ်ဆုံးမှာ ရှိနေတဲ့ ဖွင့်ဆိုချက်ကတော့.. 

“Normie ဆိုသည်မှာ စိတ်နှခွဖြစ်သော ရောဂါ (Bipolar)၊ စိတ်ကစဥ့်ကလျားရောဂါ (Schizophrenia)၊ စိတ်တွင်ဒဏ်ဖြစ်ပြီးနောက် ဖြစ်သော စိတ်ရောဂါ (PTSD)၊ စိတ်ဂယောက်ဂယက် ဖြစ်တတ်သော ရောဂါများ (mood disoders)၊ စိတ်ကျရောဂါ စသည်တို့နှင့် အခြား ဆင်တူသော စိတ်ရောဂါ မရှိသူကို ဆိုလိုသည်။
Normie ဆိုသည်မှာ ခေတ်ရေစီးကြောင်းအတိုင်း လိုက်လျောညီထွေ မွေ့လျော်ပါဝင်တတ်သော၊ စိတ်ရောဂါ မရှိသော၊ ကမ္ဘာ့လူဦးရေ၏ ၉၇%သော လူများဖြစ်သည်။

Urban Dictionary ရဲ့ ထိပ်ဆုံးမှာ ရှိနေတယ်ဆိုတာ vote အရများလို့ ဖြစ်ပါတယ်။ Normie ဆိုတာ စိတ်ရောဂါမရှိသူဆိုတော့ Normie ကို မကြိုက်သူတွေက စိတ်ရောဂါ ရှိသူတွေဆိုတဲ့ သဘောပေါ့။ ဒါကြောင့် Normie အများအပြားက ဒီအဓိပ္ပာယ် ဖွင့်ဆိုချက်ကို vote ပေးခဲ့ကြပုံ ရပါတယ်

Urban Dictionary ထဲကို Normie ဆိုတဲ့ စကားလုံး စတင်ဝင်ရောက်လာတာကတော့ ၂၀၀၄ ခုနှစ်ထဲမှာဖြစ်ပြီး၊ ပထမဆုံး အဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့ သာမန်လူ၊ ဘာမှမထူးခြားသူလို့ တိုတိုတောင်းတောင်းပဲ ဖွင့်ထားတာ တွေ့ရပါတယ်။

4Chan Normie အပေါ် အဓိပ္ပာယ် ဖွင့်ဆိုချက်

Meme လောကအတွင်းမှာကျတော့ Normie ရဲ့ အဓိပ္ပာယ်ကို 4Chan /r9k/ ကလူတွေရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်အတိုင်း လိုက်ယူရမှာ ဖြစ်ပါတယ်။ Normie ဆိုတဲ့ စကားလုံးကို 4Chan မှာ စတင်တွေ့ခဲ့ရတာကတော့ ၁၀၁၂ ခုနှစ်မှာ ဖြစ်ပါတယ်။ 
  • 4Chan ထဲက Tendies Stories (အဲဒါကို ထပ်ရှင်းပြနေရရင် ဆုံးမှာမဟုတ်တော့ပါဘူး။ ကိုယ့်ဘာသာပဲ သွားကြည့်ကြပါ) ဆိုတဲ့ ဇာတ်လမ်းတွေထဲမှာတော့ Normie ဆိုတာ Autism ဆိုတဲ့ စိတ်ဝေဒနာတစ်မျိုး မရှိသူကို ခေါ်တာပါ။  

  • 4Chan မှာပဲ ယေဘူယျအားဖြင့်တော့ Normie ဆိုတာ ပေါ်ပြူလာဖြစ်တဲ့ ယဉ်ကျေးမှု (pop culture) ကလွဲလို့ တခြား စွဲစွဲလန်းလန်းရှိစရာ ၀ါသနာ/စိတ်ဝင်စားမှု မရှိတဲ့သူကို ခေါ်ပါတယ်။ ဘာကိုမှ သေသေချာချာ နက်နက်နဲနဲ လေ့လာလိုက်စားသူတွေ မဟုတ်ကြတဲ့အတွက် တစ်ဖက်ကကြည့်ရင်လည်း Normie ဆိုတာ ဘာမှမသိတဲ့ လူပြိန်းတွေဆိုတဲ့ သဘော သက်ရောက်သွားပါတယ်။ 

  • နောက်ဆုံး သေချာတဲ့အချက်ကတော့ 4Chan ထဲကို တစ်ခါမှမသွား၊ သွားရင်လည်း ပါဝင်ပြောဆို ဆွေးနွေးခြင်း မရှိတတ်ဘဲ၊ 4Chan ကထွက်တဲ့ meme တွေကို အတင်းလုပ်ယူတတ်တဲ့ 4Channer မဟုတ်သူတွေကို 4Channer တွေက Normie တွေလို့ခေါ်ကြတာပါပဲ။

(အတင်းလုပ်ယူတယ် ဆိုတာက meme ကို meme အနေနဲ့ လုပ်တာမဟုတ်ဘဲ 4Chan meme ကိုလုပ်တတ်ရင် အများနဲ့မတူ ထူးခြားပြီး စဆရကဖြစ်တယ်လို့ ထင်စရာဖြစ်တာလည်း ပါသလို၊ လူသိခံချင်တာလည်း ပါတတ်တာကြောင့် လုပ်ပြတတ်တာမျိုးကြောင့် အတင်းလုပ်ယူမိသွားတတ်ကြတာပါ။)

Ref:
http://knowyourmeme.com/memes/normie

No comments :

Post a Comment