အင်တာနက်မီးမ် ဗဟုသုတအမျိုးမျိုး

Featured Post

Meme Guide For Beginners

Advice Animal meme အခြေခံ တန်းပလိတ်တွေရဲ့ အခြေခံအဆင့် အသုံးပြုပုံတွေကို ဒီ album မှာထည့်ပေးသွားပါမယ်။ မီးမ်ဆိုတာ ကျယ်ပြန့်တဲ့သဘော ရှိတဲ့...

Tuesday, July 5, 2016

Pepe The Frog - အပိုင်း (၁) - Pepe ဘ၀ ဆယ်နှစ်တာ

No comments :
4Chan သမားတွေရဲ့ အချစ်တုံးကြီးဖြစ်တဲ့ သမိုင်းဝင် Pepe အကြောင်း ပြောရမယ်ဆိုရင် post တစ်ခုနဲ့တင် မလုံလောက်ပါဘူး။ Pepe ကို တကယ်နားလည်ချင်ရင် 4Chan နဲ့ ရင်းနှီးနေရပါလိမ့်မယ်။ အထူးသဖြင့် /r9k/ board သမားတွေရဲ့ အကျင့်တွေကို တော်တော်လေး တီးခေါက်မိမှ တကယ်သဘောပေါက်မှာပါ။ ဘာပဲဖြစ်ဖြစ် ဒီ post မှာ တတ်နိုင်သလောက် အကျဉ်းချုပ်ပြီး Pepe ကို မိတ်ဆက်ပါမယ်။ (ခွင့်လွှတ်တော့ 4Chanရေ...)

Pepe ကို ('ပက်ပေး' 'ပေးပေး' 'ပေးပေ' 'ပဲပဲ' ) - အဲဒီလို အမျိုးမျိုး အသံထွက်ကြပါတယ်။ 
Pepe ဟာ ဒီနှစ်မှာ ဆယ်နှစ်ပြည့်ပါပြီ။ Pepe ဘ၀ ဆယ်နှစ်တာကို Redditor တစ်ဦးပြုစုထားတဲ့ ဒီပုံ ကနေ ကူးယူပြီး တင်ပြလိုက်ရပါတယ်။

Pepe ဘ၀ ဆယ်နှစ်တာ...

  • Pepe ကို ဖန်တီးသူကတော့ Matt Furie ဆိုတဲ့ ပြင်သစ်ကာတွန်းဆရာပါ။ ၂၀၀၆ ခုနှစ်မှာ Boys Club ဆိုတဲ့ ကာတွန်းဇာတ်လမ်းတွဲထဲမှာ Pepe ကို ထည့်ဆွဲခဲ့တာ ဖြစ်ပါတယ်။  
  • ၂၀၀၈ ခုနှစ်မှာ Pepe ဘောင်းဘီကျွတ်နဲ့ ရှုရှုးပေါက်နေတဲ့ပုံ 4Chan ကိုရောက်လာရာကစပြီး Pepe ဟာ 4Chan ရဲ့ အချစ်တော် ဖြစ်ခဲ့ပါတယ်။ "Feels good man" ဆိုတာက Pepe ရဲ့ လက်စွဲစကား ဖြစ်ခဲ့ပါတယ်။ 

  • ၂၀၀၉ ခုနှစ်မှာ "Feels bad man" ဆိုတဲ့ နာမည်ကျော် စကားစုနဲ့ အတူ စိတ်ဓါတ်ကျနေတဲ့ Pepe ပေါ်လာပြီး၊ အဲဒီကနေတစ်ဆင့် "You will never x" ဆိုတဲ့ Pepe meme ဖြစ်လာပါတယ်။

  • တစ်ချိန်တည်းမှာပဲ Feels Guy လို့ သိထားကြတဲ့ Wojak နဲ့အတူ စိတ်ဓါတ်ကျ ၀မ်းနည်းနေတဲ့ pepe အမျိုးမျိုးကို စတင်ဖန်တီးလာကြပါပြီ။ 
  • ၂၀၁၀ ခုနှစ်မှာတော့ 4Chan ထဲတင် မဟုတ်တော့ဘဲ၊  Quickmeme တို့၊ Funnyjunk တို့၊ tumblr တို့ဆီကို Pepe ရောက်သွားပါပြီ။ ၂၀၁၀ အကုန်ပိုင်းလောက်မှာ Pepe ရဲ့ နာမည်ကျော် လက်စွဲစကား "feels bad man" ဟာ urban dictionary မှာ ပါဝင်လာခဲ့ပါတယ်။ 

  • ၂၀၁၁ ခုနှစ်ထဲရောက်တော့ Pepe ရဲ့ မွေးရပ်မြေလို့ ခေါ်ရမယ့် 4Chan က /r9k/ board ကို ဖျက်တော့မယ်ဘာညာ ကိစ္စတွေ ဖြစ်တာနဲ့ ကြုံခဲ့ပါတယ်။ Pepe ကြောင့်တော့ မဟုတ်ပါဘူး။ တခြားအကြောင်းတွေ ကြောင့်ပါ။ ဒါပေမဲ့ ဆယ်လပိုင်းလောက်မှာ /r9k/ ကို ပြန်ထောင်ပေးခဲ့ပါတယ်။ 

 (Pepe ရဲ့ စရိုက်ဟာ /r9k/က 4chaner တွေရဲ့ စရိုက်နဲ့ ထပ်တူကျပါတယ်။ သူတို့ရဲ့ အတွေးအမြင် အကျင့်တွေ၊ အကြိုက်တွေ၊ အားနည်းချက်တွေ အားလုံးကို Pepe ရဲ့ စရိုက်ထဲမှာ တွေ့နိုင်ပါတယ်။ Pepe ဟာ r9k ရဲ့ကလေးဖြစ်သလို r9k ရဲ့ memeber တိုင်းကို ကိုယ်စားပြုတယ်လို့ ပြောရင် မမှားနိုင်ပါဘူး။)
 
  • ၂၀၁၂ ခုနှစ်မှာတော့ Pepe ဟာ tumblr မှာ အလွန်အောင်မြင်လာပါတယ်။ Tumblr မှာ အောင်မြင်လာပြီဆိုရင် 4Chan meme တစ်ခုဟာ ပျက်စီးမယ့်လမ်းပေါ် ရောက်ပြီလို့ ဆိုနိုင်ပါသတဲ့။ Tumblr ကိုရောက်ပြီဆိုရင် Facebook နဲ့ twitter ပေါ်ကို သိပ်မကြာခင် ရောက်တာပါပဲ။ 

  • ၂၀၁၂ ခုနှစ်ထဲမှာပဲ smug pepe ဆိုတဲ့ pepe တစ်ကိုယ်ခွဲ ထပ်ထွက်လာပါတယ်။
    ၂၀၁၂ ကနေ ၂၀၁၄ အထိကာလတွေဟာ Pepe ရဲ့ ရွှေခေတ်တွေလို့ ပြောစမှတ်ရှိပါတယ်တဲ့။ ဘယ်အတွေး ဘယ်ခံစားချက်ကိုမဆို ဖေါ်ပြနိုင်တဲ့ Pepe အမျိုးမျိုးကို စိတ်ကူးရှိသလောက် ဖန်တီးနိုင်စွမ်း ထက်သလောက် ဉာဏ်ပွင့်သလောက် ဖန်တီးခဲ့ကြလို့ Pepe ပေါင်း သောင်းခြောက်ထောင် (မက) ပေါ်ပေါက်ခဲ့ပါတယ်။ ဒီကာလအတွင်းမှာ ရှင်သန်ခဲ့တဲ့ Pepe ထံမှာ Pepe ရဲ့ ကောင်းတဲ့ဖက်ကို မြင်နိုင်ပြီး၊ ဖန်တီးရှင်တွေရဲ့ ဖန်တီးမှုစွမ်းအား၊ Pepe ကပေးတဲ့ ပျော်ရွှင်မှုနဲ့ (အထူးသဖြင့် စိတ်ကျရောဂါ ရလုနီးပါး ဖြစ်နေတဲ့) လူတွေအတွက် အဖော်ကောင်း ဖြစ်ခဲ့ပါတယ်။ 

  • ၂၀၁၃ ခုနှစ်မှာ Tumblr ပေါ်မှာ တလွဲတွေ လုပ်ကြပေမဲ့ 4Chan မှာ Pepe က အရမ်းပေါ်ပြူလာ ဖြစ်နေတဲ့အတွက် တော်တော်လေး အဆင်ပြေခဲ့တဲ့နှစ် ဖြစ်ပါတယ်။ 

  • ၂၀၁၄ ခုနှစ် အလယ်လောက်မှာ Instagram ကိုရောက်သွားပါတယ်။ အဲဒီမှာ Pepe ကို နားမလည်ဘဲ စွတ်သုံးတဲ့သူတွေ ပိုပိုများလာပြီး၊ Like တောင်းစားတဲ့ Facebook page တချို့ပေါ်ကို ရောက်သွားတဲ့ အခါမှာတော့ စတင်ပြီး ငါးပါးမှောက်ပါပြီတဲ့။ ဒီ တလွဲသုံးခံရတဲ့Pepe မှာ သူငယ်ချင်းတွေရှိတယ်၊ ရည်းစားရှိတယ်၊ တွေ့ကရာမိန်းကလေးနဲ့ အိပ်တယ်။ ဒါတွေဟာ တကယ့် Pepe မဟုတ်ပါဘူး။ နှစ်ကုန်ပိုင်းလောက်မှာ Twitter က Smug Pepe ကို 'ခိုး' သွားပါတယ်။ အဲဒီနောက် တလွဲလုပ်ကြလွန်းလို့ Smug Pepe သေသွားပါတယ်တဲ့။ မကြာခင်မှာပဲ အဆိုကျော် Katy Perry က Pepe ပုံကို လွဲသထက်လွဲ တလွဲကြီးသုံးပြီး 'သောအခါ' meme ပုံစံမျိုးနဲ့ Twitter မှာ တင်လိုက်ပါတယ်။ 

  •  ၂၀၁၄ ခုနှစ် အတွင်း r9k မှာ Beta uprising ဆိုတဲ့ စကားစု တော်တော် ထင်ရှားခဲ့ပါတယ်။ အဲဒီအတောအတွင်းမှာ Pepe ကို အကြမ်းဖက်သမားအသွင်နဲ့ အများဆုံး တွေ့ရပြီး (Normie) တွေကို သူတို့နည်း သူတို့ဟန်နဲ့ ဆန့်ကျင်တိုက်ခိုက်ခဲ့ကြပါတယ်။ Poo Poo Pee Pee ဆိုတဲ့ Pepe တစ်မျိုးကိုလည်း Pepe ကို လူတွေ မုန်းပြီးရွံပြီး လိုက်မသုံးစေလိုတော့တဲ့ ရည်ရွယ်ချက်နဲ့ ဖန်တီးခဲ့ကြပါတယ်။
(Normie ဆိုတာ သာမန် အများလိုတွေး အများလိုနေပြီး ပတ်ဝန်းကျင်ရဲ့အမြင်ကို ဂရုစိုက်တတ်တဲ့ လူမျိုးလို့ ပြောလို့ရပေမဲ့ အဲလိုချည်းပဲပြောရင်လည်း မပြည့်စုံပါဘူး။ Normie ဆိုတာဘာလဲဆိုတဲ့ ခေါင်းစဉ်နဲ့ သပ်သပ်ရေးပေးထားပါတယ်။ ဒီမှာ ဖတ်ပါ။)







  • အဲဒီနောက် ၂၀၁၄ ကနေ ၂၀၁၅ အတွင်း Pepe ဟာ 'သောအခါ' meme ဖြစ်လိုက် blacktwitter meme ဖြစ်လိုက်နဲ့ နေရာအနှံ့ကို ပြန့်နှံ့သွားပါပြီ။ Reddit မှာလည်း pepe the frog sub reddit တစ်ခုထောင်ထားပါတယ်။ Pepe instagram page လည်း ရှိလာပါတယ်။ Pepe တီရှပ်တွေဘာတွေလည်း ထုတ်ရောင်းလာကြပါတယ်။ English ဘာသာနဲ့တင် မကဘဲ ဘာသာစကား ပေါင်းစုံနဲ့လည်း Pepe meme တွေ လုပ်လာကြပါတယ်။ 

  • ၂၀၁၅ မှာတော့ Pepe ဟာ meme တစ်ခုအနေနဲ့ဆိုရင် Doge meme ရဲ့ အဆင့်ကိုရောက်လာပြီလို့ ဆိုရပါမယ်။ မူရင်းစရိုက်က ပျက်စီးသွားပြီး အလွန်အကျွံအသုံးများ အသုံးမှားတဲ့အပြင် အတင်းလုပ်ယူတဲ့ meme တွေ အရမ်းများလာတဲ့အတွက် ၂၀၁၆ အတွင်းမှာပဲ Pepe meme သေဆုံးသွားမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီလို မဖြစ်ဖို့က 4Chan ကလူတွေ Pepe ကို အသက်ပြန်သွင်းချင်သေးသလား၊ စိတ်ဖြတ်ပြီး လက်လွှတ်လိုက်ပြီလားဆိုတဲ့ အပေါ်မှာ မူတည်ကြောင်း။

အပိုင်း (၂) မှာ Rare Pepe အကြောင်းနဲ့ Pepe ဖန်တီးရှင် Mark Furie နဲ့ အင်တာဗျူးကို ဘာသာပြန်ထားတာ တင်ပေးပါမယ်။ ဗဟုသုတအဖြစ် ဖတ်ဖို့ပါ။

No comments :

Post a Comment